ထို့ကြောင့်

အရောင်မဲ့

800 Kyats ကျပ်
LGBT ဇာတ်လမ်းတွေကို စွဲစွဲမက်မက် ဖတ်နေကြတဲ့ စာချစ်သူတို့အတွက် နောက်ထပ် Boy Love ဝတ္ထုတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ‘သူပေးခဲ့ဖူးသော မလွမ်းထိုက်သည့် အတိတ်က အကြောင်းလေး တစ်စုံတစ်ရာ …’ တဲ့။ ဒီလို ရင်ဖွင့်ထားတဲ့ ဒီဇာတ်လမ်းကတော့ စာချစ်သူတို့ အကြိုက်တွေ့ဦးမယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ‘အရောင်မဲ့ ရေးတဲ့ ထို့ကြောင့်ကလည်း လိင်တူ အချစ်ဇာတ်လမ်းပါပဲ။ ဒါပေမဲ့ အရေးအသားပိုင်းမှာရော၊ ဇာတ်လမ်းတည်ဆောက်မှု အပိုင်းမှာရော၊ ပေါ့ပျက်ပျက် မနိုင်ဘဲ တကယ့် နာမည်ရှိပြီးသား စာအုပ်တွေလို အရေးအသား ကောင်းမွန်လှပါတယ်။ လိင်တူ အချစ်ဇာတ်လမ်းကို ဖော်ပြတဲ့ နေရာမှာလည်း ညစ်ညမ်းမှု မရှိစေဘဲနဲ့ သန့်သန့်ရှင်းရှင်းနဲ့ ရိုးရိုးလေး ရေးသားဖော်ပြထားပါတယ် …’ လို့ တီနိုက အမှာစာ ရေးသားထားပါတယ်။ ငယ်သူငယ်ချင်းနှစ်ယောက်၊ စည်းခြားထားတဲ့ ခံစားမှုတွေကြားမှာ ချစ်လျက်နဲ့ မျိုသိပ်ခံစားရတဲ့ ဝေဒနာတွေနဲ့အတူ ဘယ်လို ရင်နင့်စရာ၊ လွမ်းမောစရာ ရသတွေကို ပေးမလဲဆိုတာကိုတော့ …