လလေးတစ်စင်းရဲ့ ဒဏ္ဍာရီ

အိပ်မက်ကြယ်

600 Kyats ကျပ်
"နောက်ဆိုရင် ငါတို့တွေ သူစိမ်းလိုပဲ နေကြရအောင် တိမ်စင်လ ရယ်” "မြူမှုန်ရယ် နင်မို့လို့ ပြောရက်တယ်နော် ... ငါတို့တွေ သူငယ်ချင်းတွေ ဖြစ်ခဲ့တာ မနေ့ တစ်နေ့ကမှ မဟုတ်ပဲ ... အင်းပါ နင်ပျော်မယ် ဆိုရင်လည်း ငါနင်နဲ့ မပတ်သက်တော့ပါဘူးဟာ” မြူ ဘာမှ ပြန်မပြောပဲ လရှေ့ကနေ ထွက်သွားသည်။ လ မြူမှုန့်ကျောပြင်ကို ကြည့်ရင်းကနေ မျက်ရည် ဝဲလာပြီး "ရက်စက်လိုက်တာ မြူမှုန်ရယ် ငါ ဘာများ ပြောနိုင်မှာ မို့လို့လဲ ... တကယ်ဆိုရင် နင့်အပေါ် သူငယ်ချင်းထက် ပိုတဲ့ ခံစားချက် ရှိနေတာ ငါဘယ်လိုများ ပြောထွက်နိုင်မှာလဲ ... အခုတော့” လ ဘာမှ ဆက်မပြောနိုင်တော့ပဲ မြူမှုန့် ကျောပြင်ကိုသာ ငေးကြည့်နေခဲ့ မိတော့သည်။