ဘဝပါရမီဖြည့်ဖက်

အိပ်မက်ကြယ်

700 Kyats ကျပ်
ငယ်ငယ်ကတည်းက ကွဲသွားကြတဲ့ ညီအစ်ကိုနှစ်ယောက်။ တစ်ယောက်က တိမ်ဦးယံ၊ တစ်ယောက်က မိုးထက်ဝဠာ။ ညီအစ်ကိုနှစ်ယောက်ထဲမှာ တစ်ယောက်က ဆင်းရဲတဲ့ မိသားစုတစ်စုဆီ ရောက်သွားခဲ့ပြီး ချို့ချို့တဲ့တဲ့နဲ့ ဘဝကို ဖြတ်သန်းလာခဲ့ရတယ်။ တစ်ယောက်ကတော့ မိဘရင်းတွေနဲ့ နေရပေမဲ့ အတိတ်က ဖြစ်ရပ်တွေကို မမှတ်မိနိုင်တော့တဲ့ ရောဂါကို ခံစားနေရတယ်။ တစ်နေ့မှာ တိမ်ဦးယံတစ်ယောက် ကားပျက်လို့ ဝပ်ရှော့မှာ သွားပြင်တုန်း မထင်မှတ်တဲ့ နာမည်တစ်ခုကို ကြားလိုက်ရတယ်။ မိုးထက်ဝဠာ ဆိုတဲ့ နာမည်။ သူ အတိတ်မေ့နေပေမဲ့ ဒီနာမည်ကို မမေ့ဘူး။ ငယ်ငယ်ကတည်းက ကွဲသွားတဲ့ သူ့အချစ်ဆုံး အစ်ကိုရဲ့ နာမည်။ ဒီကစလို့ မိုးထက်ဝဠာဆိုတဲ့ နာမည်ပိုင်ရှင်ကို သူ ပိုက်စိပ်တိုက် ရှာဖွေစုံစမ်းပါတော့တယ်။ ကံတရားရဲ့ အလှည့်အပြောင်းတွေကြားမှာ သိပ်ချစ်တဲ့ ညီအစ်ကိုနှစ်ယောက် ပြန်ဆုံနိုင်ပါ့မလား ဆိုတာကို ဒီစာအုပ်ထဲမှာ စိတ်လှုပ်ရှားစွာနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။