ကိုယ့္ဘဝရဲ့ နတ္ဘံု

အိပ်မက်ကြယ်

600 Kyats ကျပ်
ဦးဓနလျှံ … အသက် (၃၀) နီးပါး။ ရုပ်ရည်သန့်ပြန့်ခန့်ထည်ပြီး စိတ်သဘောထား ပြည့်ဝသူ။ နာမည်နဲ့ လိုက်ဖက်အောင်ပဲ ငွေကြေးဓန အလျှံအပယ်။ သူပိုင်တဲ့ လုပ်ငန်းတွေ၊ ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာတွင် မနည်းဘူး။ နိုင်ငံခြား တိုင်းပြည်တွေမှာလည်း လုပ်ငန်းခွဲတွေ များစွာ။ ဦးလို့ လေးစားသမှုနဲ့ တပ်ခေါ်ကြပေမဲ့ တကယ်တော့ နုပျိုချောမောတဲ့ ရုပ်ရည်က အသက်အရွယ်ထက် ပိုငယ်နေသလိုပါပဲ။ အဲဒီနေ့က ဥရောပက ဆိုက်လာတဲ့ လေယာဉ်နဲ့အတူ မြန်မာပြည် ပြန်ဝင်လာတဲ့ ဦးဓနလျှံကို သတင်းထောက်တွေ အလုအယက် အင်တာဗျူးကြတယ်။ ဦးဓနလျှံကလည်း အေးအေးဆေးဆေးပဲ ဖြေတယ်။ အဖြေတစ်ခုက အားလုံး ကျေနပ်စရာ။ ခုလို အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာရတာ ဆရာကောင်းတစ်ယောက်ကြောင့်ပါတဲ့။ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ဦးဓနလျှံရဲ့ အင်တာဗျူးအစီအစဉ်ကို အိမ်ငယ်လေးတစ်အိမ်ရဲ့ ဧည့်ခန်းထဲက တီဗွီရှေ့မှာ ထိုင်ကြည့်နေတဲ့ သားအဖနှစ်ယောက်။ ဖခင်ဖြစ်သူက ပြုံးရင်း ပြောတယ်။ ‘အဲဒီလူက ဖေဖေ့တပည့်ပဲ သမီး’ တဲ့။ ရှား အံ့သြသွားတယ်။ ဒီလောက်မိတ်ဆက်လိုက်ရင် ရှေ့ဆက်ဖြစ်လာမယ့် ဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာကောင်းပုံတွေကို စာချစ်သူတို့ တွေးမိမယ်ထင်ပါတယ်။ ဦးဓနလျှံရဲ့ ငယ်ဘဝနဲ့ ရှားဖေဖေရဲ့ ပတ်သက်မှု၊ ရှားဆိုတဲ့ မိန်းကလေးနဲ့ ဦးဓနလျှံတို့ ညီအစ်ကိုရဲ့ ပတ်သက်မှုတွေ ဘယ်လို ဆက်ဖြစ်လာမလဲဆိုတာကိုတော့ …