ကမ္ဘာတည်သရွေ့ချစ်နေမယ်

အိပ်မက်ကြယ်

600 Kyats ကျပ်
⏩ စာမြည်း - "ကျွန်တော်နဲ့မမက ချစ်သူတွေဆိုတာရော ခင်ဗျားသိရဲ့လား..." "ဘာ..." ဘာ ဆိုတဲ့အသံဟာ သာမန်လူတစ်ယောက်အတွက်ဆိုရင်တော့ မာကြောခက်ထန်မှာအမှန်ပင်ဖြစ်သော်လည်း မဟော့်နှုတ်ဖျားကထွက်သွားတဲ့အသံကတော့ မျှော်လင့်ချက်မဲ့တဲ့လူတစ်ယောက်လို တိုးလျနေခဲ့သည်။ ဝရန်တာကို ဆုပ်ကိုင်ထားတဲ့လက်တောင်မှ အားအင်ကုန်ခမ်းကာ ပြေလျော့သွားခဲ့၏။ သူ အဲ့ဒါကိုကြိုသိထားပေမယ့် ချစ်သူတွေဖြစ်နေလိမ့်မယ်လို့တော့ မထင်ခဲ့မိ။ ဒါဟာ သူ့ရဲ့အားနည်းချက်ဖြစ်သွားခဲ့ပြီ။ "ဪ ခင်ဗျား မသိသေးဘူးပဲ... အဲ့ဒါဆို မှတ်ထားလိုက်ပါ... ကျွန်တော်နဲ့မမ စေ့စပ်တော့မှာဗျ... ခင်ဗျားလာခဲ့မလား..." "မင်း... တောက်..." မဟော် ဒေါသထွက်လာကာ အသားတွေပါ တဆတ်ဆတ်တုန်လာတော့၏။ ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေအထိဖြစ်သွားရတာလဲ။ မိဘချင်းပဲသဘောတူထားတယ်လို့ထင်ခဲ့တာ သူတို့အချင်းချင်းကလည်း ချစ်သူတွေဖြစ်နေခဲ့ကြတာလား။ ဟင့်အင်း... အဲ့လိုအဖြစ်မခံနိုင်ဘူး။ "မင်းတို့က မင်္ဂလာဆောင်ရသေးတာမှမဟုတ်တာ ငါ့မှာကြိုးစားခွင့်ရှိသေးတယ် အံ့မခမ်း... မင်း အဲ့လိုပြောလို့ရော ငါက လက်လျှော့သွားမယ်ထင်လို့လား..." "ခင်ဗျားက ဒဿဂီရိဖြစ်ချင်တာပဲ ကိုနှိုင်းမဟော်..." ⏪