စိတ္သာပဓာန လူ့ဘဝ

အရှင်မာနိတ(ရွှေပြည်သာ)

600 Kyats ကျပ်
လောကမှာ ဆန်းကြယ်တဲ့အရာတွေ ရှိပေမယ့် အဆန်းကြယ်ဆုံး အရာဆိုရင်တော့ စိတ် ကို ညွှန်ပြရပါလိမ့်မယ်။ စိတ်ရဲ့ အဓိပ္ပာယ်ကိုက " စိတ္တ= ဆန်းကြယ်သောအရာ" လို့ ဆိုပါတယ်။ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝတွေကို ရောက်အောင် စိတ်က စေစားနိုင်သလို ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို အဆင့်နိမ့်ဘုံတွေရောက်အောင်လည်း စိတ်ကသာ ပို့ဆောင်နိုင်ပါတယ်။ စိတ်ရဲ့အစွမ်းသတ္တိကြောင့် ဘဝမှာအောင်မြင်သွားနိုင်သလို စိတ်ကြောင့် ရှုံးနိမ့်မှုတွေ ဖြစ်ကြရပါတယ်။ စိတ်ကြောင့် ဘဝရှင်သန်ကြရသလို စိတ်ကြောင့်ပဲ ဘဝတွေ သေကြရပါတယ်။ ဒါကြောင့်လည်း လောကမှာ "စိတ်သာရှင်စော ဘုရားဟော" လို့ အဆိုရှိခဲ့တာမဟုတ်လား။ စိတ်ရဲ့ သဘောသဘာဝ၊ ဆန်းကြယ်ပုံတွေနဲ့ စိတ်ရဲ့တန်ခိုးသတ္တိကို ဓမ္မပဒလာ ပုံဝတ္ထုတွေ၊ စိတ်ဝင်စားဖွယ် ဝတ္ထုဇာတ်လမ်းတွေနဲ့ နောက်ခံပြု တင်ပြထားတာမို့ စာချစ်သူတို့ စိတ်နှလုံး ကြည်လင်အေးချမ်းစွာနဲ့ ပေါ့ပေါ့ပါးပါးလေး ဖတ်ရှုနိုင်မယ့် စာအုပ်လေးဖြစ်ပါတယ်။