ေခြတစ်လှမ်းမှ စကြသည်

အရိုး

800 Kyats ကျပ်
လူတိုင်းလူတိုင်းဟာ မွေးဖွားတဲ့အချိန်ကစပြီး အရွက်ရောက်သည် အထိ ရုန်းကန်လှုပ်ရှားကြတဲ့အခါမှာ ခြေတစ်လှမ်းမှ စကြရပါတယ်။ အဲဒီ ပထမဆုံးခြေလှမ်း ကနေတစ်ဆင့် တဖြည်းဖြည်း မိမိလိုချင်တဲ့ ပန်းတိုင်ကို အရောက် လှမ်းသွားကြရပါတယ်။ ဒီလို စကြတဲ့အခါ တစ်ခါတစ်လေ အရှုံးတွေ၊ အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေနဲ့ ကြုံလာတတ်ကြတဲ့အခါ စိတ်ပျက်အားလျှော့ သွားတတ်ကြပါတယ်။ အဲလို စိတ်ပျက် အားလျှော့လိုက်ရင် မိမိလိုချင်တဲ့ အရာ၊ ရောက်ချင်တဲ့ နေရာ နဲ့ ပိုမိုဝေးကွာ သွားတတ်ကြပါတယ်။ ဒါကြောင့် စာရေးဆရာ အရိုးက မိမိလျှောက်လှမ်းနေတဲ့လမ်းမှာ ကြုံလာရမယ့် အရာတွေကို စိတ်ပျက်အားငယ်မနေဖို့ တိုက်တွန်းရေးသား ထားခြင်းဖြစ်ပါတယ်။ "ခြေတစ်လှမ်းမှ စကြသည်" ဆိုတ ဆောင်းပါးအပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာ ဆောင်းပါးများကို ပေါ့ပေါ့ပါးပါး အရေးအသားလေးတွေနဲ့ ဖတ်ရှုသူများ ထင်သာမြင်သာအောင် ရေးဖွဲ့ထားလို့ ဝယ်ယူ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့အကြောင်း စာချစ်သူများကို တိုက်တွန်းလိုက်ပါတယ်။