သေရွာပြန်

အမ်နိုင်း(oasis)

အခမဲ့
ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို စိတ်ဝင်စားဖို့ကောင်းအောင် ရေးသားထားတဲ့ အမ်နိုင်းရဲ့ လက်ရာ ‘သေရွာပြန်’ ။ သေဆုံးပြီလို့ အားလုံးက ထင်ခဲ့ကြပေမဲ့ သေခြင်းရဲ့ အခြားတစ်ဖက်၊ တမလွန်နယ်ပယ်မှာ ခရီးနှင်အပြီး ရုပ်နဲ့နာမ် ပြန်လည်တွဲစပ်မိတဲ့ အမျိုးသမီးကြီး တစ်ယောက် အကြောင်း။ ဆန်းကြယ်လှတဲ့ မရဏလမ်းဟာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ဘယ်လို ကစားသွားမလဲ။ တစ်နေ့နေ့မှာ လူတိုင်း မလွဲမသွေ ကြုံဆုံကြရမယ့် သေခြင်းတရားအကြောင်း၊ သေခြင်းနဲ့ ရှင်ခြင်းအကြား ခရီးသွားခဲ့တဲ့ လိပ်ပြာဝိညာဉ်အကြောင်း တို့ကို လက်ကမချချင်အောင် ဖတ်ရှုကြရမယ့် သေရွာပြန် ပရဆန်းကြယ် ဝတ္ထုဇာတ်လမ်းပဲ ဖြစ်ပါတယ်။