ဝါတုတ်

အမ်နိုင်း(oasis)

အခမဲ့
ခွေးကလေးတစ်ကောင်ကို အဓိက ဇာတ်ကောင်ပြုလို့ ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဖန်တီးရေးသားထားတဲ့ ဇာတ်လမ်းလေးပါ။ ဝါတုတ်ဆိုတဲ့ ခွေးကလေး။ အဝါရောင် အမွေးထူထူလေးနဲ့ ဝဝတုတ်တုတ် ခွေးကလေး။ မိခင်ခွေးမကြီးနဲ့ ကွဲ၊ ခွေးညီအစ်ကို မောင်နှမတွေနဲ့ ကွဲပြီး ကိုယ့်ဝမ်းကိုယ်ကျောင်း အစာရှာဖွေ စားသောက်ရင်း လမ်းဘေးခွေးဘဝ ရောက်ခဲ့ရပေမဲ့ စိုပြေလှပတဲ့ ခွေးကလေးဟာ ကံကောင်းထောက်မစွာနဲ့ပဲ ကြင်နာတတ်တဲ့ သခင်မတစ်ယောက်ရဲ့ ကောက်ယူမွေးစားခြင်းကို ခံခဲ့ရတယ်။ လူတွေရဲ့ ရက်စက်မှုကို နေ့ရက်များစွာ ခံစားခဲ့ရတဲ့ ခွေးကလေးဝါတုတ်ဟာ ကြင်နာတတ်တဲ့ လူသားတွေနဲ့ တွေ့ဆုံပြီး ကံကောင်းခြင်းတွေ ပိုင်ဆိုင်ခဲ့တယ်။ လူတွေကို ချစ်တတ်လာခဲ့တယ်။ ဒါပေမဲ့ … လူတိုင်းဟာ မကြင်နာတတ်သလို၊ လူတိုင်းဟာလည်း မရက်စက်တတ်ဘူးဆိုတာ ခွေးကလေးဝါတုတ် နားလည်သွားရတဲ့ နေ့တစ်နေ့မှာ ဘာတွေ ဖြစ်လာလိမ့်မလဲ။