မကျွတ်လွတ်ကြေး

အမ်နိုင်း(oasis)

300 Kyats ကျပ်
ခွဲခွာခြင်းတစ်ခုမှာ ကျန်သူနဲ့ ချန်သူ နှစ်ဦးထဲက ဘယ်သူပိုပြီး ခံစားနာကျင်ရမလဲ။ ဒါကို မေးခွန်းတစ်ခု အနေနဲ့ သတ်မှတ်မယ်ဆိုရင် ဒီမေးခွန်းရဲ့ အဖြေကို ဦးနှောက်နဲ့ မဆုံးဖြတ်ဘဲ နှလုံးသားနဲ့ ဆုံးဖြတ်စေချင်ပါတယ်။ အမ်နိုင်း (Oasis) ရေးသားတဲ့ မကျွတ်လွတ်ကြေး ဆိုတဲ့ ဇာတ်လမ်းလေးက စိတ်ဝင်စားစရာ အရမ်းကောင်းတဲ့ ပရလောကဆန်းကြယ် အချစ်ခံစားမှု ဇာတ်လမ်းကောင်းလေးက စာဖတ်သူတွေကို ထိတ်လန့်ချောက်ချားမှု၊ ဝမ်းနည်းဆို့နင့်မှု၊ ကြည်နူးဝမ်းမြောက်မှု၊ နာကျင်ကြေကွဲမှု … စတဲ့ ခံစားမှုတွေ အမျိုးမျိုး ပေးစွမ်းနိုင်မှာ သေချာပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုတ်တရက် ကွယ်လွန်သွားတဲ့ အမျိုးသားတစ်ယောက်ရဲ့ အသုဘအခမ်းအနားကို ရောက်ရှိလာတဲ့ သတို့သမီးဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်။ မိန်းကလေးရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့၊ မျက်နှာလေးပေါ်မှာ ရင်ထဲက သောကတွေက အထင်းသား ထင်ဟပ်လို့။ အမျိုးသားရဲ့ ရုပ်အလောင်းကို ငေးကြည့်ရင်း နှုတ်ကလည်း တဖွဖွ ရေရွတ်နေရှာပါတယ်။ သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို မီးသဂြိုဟ်စက်ထဲ ထည့်လိုက်ချိန်မှာတော့ မိန်းကလေးဟာ ဝမ်းနည်းပက်လက် ငိုရှိုက်ရင်း ချာခနဲ လှည့်ထွက်ပြေးသွားပါတော့တယ်။ အဲဒီအဖြစ်အပျက် ဖြစ်ပွားပြီး နှစ် (၂၀) ကျော် ကြာပြီးချိန်မှာတော့ … ဘယ်လို ဆန်းကြယ်ပြီး ဘယ်လိုမျိုး ဝမ်းနည်းစရာကောင်းတွေ အဖြစ်အပျက်တွေ ထပ်မံဖြစ်ပွားလာမလဲ ဆိုတာ ‘မကျွတ်လွတ်ကြေး’ ဆိုတဲ့ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ခံစား ဖတ်ရှုကြည့်ရအောင်