ဘမုတ်ဆိတ်နှင့် ဒေါသပယ်ခွာ မျောက်လိမ္မာ

အမ်နိုင်း(oasis)

200 Kyats ကျပ်
ဘမုတ်ဆိတ်။ မုတ်ဆိတ်မွေးဖြူဖြူ၊ ဆံပင်ရှည်ဖြူဖြူ၊ လူကောင်ထွားထွားနဲ့ လူကြီး။ တိုက်ပုံရင်ကွဲနဲ့ ပုဆိုးကွက်တုံးဝတ်ထားပြီး ဖျင်လွယ်အိတ်ကြီးကို လွယ်လို့၊ တောင်ဝှေးကို ပခုံးပေါ် ထမ်းလို့၊ ကိုကြီးကျော်နတ်ချင်းကို အသံဝါကြီးနဲ့ အော်ဟစ်သီဆိုလို့၊ ခုန်ပေါက်ပြီး ရွာထဲဝင်လာတဲ့ ဘမုတ်ဆိတ်။ သူ့ကို ကလေးတွေက အရူးကြီးလို့ ခေါ်ကြတယ်။ ဘမုတ်ဆိတ်ကလည်း စိတ်မဆိုးတတ်ဘူး။ ကလေးတွေနဲ့ သီချင်းဆိုလိုက်၊ ခုန်လိုက်၊ ကလိုက်၊ ပုံပြင်တွေ ပြောလိုက်နဲ့ ပျော်ရွှင်နေတာပါပဲ။ ကလေးထိန်း အဘိုးကြီးလို့တောင် ခေါ်ကြတယ်။ အဲဒီနေ့က ဘမုတ်ဆိတ်နဲ့ ကလေးတစ်သိုက် အူမြူးနေကြတုန်းမှာ ရွာထဲက မုဆိုးကြီးမွေးထားတဲ့ မျောက်ကြီးဟာ ဗွေဖောက်ပြီး မြင်မြင်ရာလူတွေကို ရန်လုပ် ကုတ်ခြစ် ဒေါသတကြီးနဲ့ လျှောက်ပြေးရင်း ဘမုတ်ဆိတ်တို့ရှိရာ ရောက်လာတယ်။ အရူးကြီးတစ်ယောက်လို ပျော်ပျော်ပါးပါး ကလေးထိန်းနေတဲ့ ဘမုတ်ဆိတ်ကြီးက ရန်လိုဒေါကန်နေတဲ့ မျောက်ရိုင်းနဲ့ ထိပ်တိုက်တိုးတဲ့အခါ ဘာတွေဖြစ်ကုန်မလဲ ? ဘမုတ်ဆိတ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ? ကဲ … ဖတ်သာကြည့်လိုက်တော့ဗျာ။