ဘမုတ်ဆိတ်နှင့် မျက်တော်ပြေ

အမ်နိုင်း(oasis)

200 Kyats ကျပ်
မုတ်ဆိတ်မွေးဖြူဖြူ၊ ဆံပင်ရှည်ဖြူဖြူ၊ လူကောင်ထွားထွားနဲ့ လူကြီး။ တိုက်ပုံရင်ကွဲနဲ့ ပုဆိုးကွက်တုံးဝတ်ထားပြီး ဖျင်လွယ်အိတ်ကြီးကို လွယ်လို့၊ တောင်ဝှေးကို ပခုံးပေါ် ထမ်းလို့၊ ကိုကြီးကျော်နတ်ချင်းကို အသံဝါကြီးနဲ့ အော်ဟစ်သီဆိုလို့၊ ခုန်ပေါက်ပြီး ရွာထဲဝင်လာတဲ့ ဘမုတ်ဆိတ်။ အဲဒီတစ်ညမှာတော့ ရွာပြင်ဇရပ်မှာ ဘမုတ်ဆိတ်တစ်ယောက် လွယ်အိတ်ကြီးကို ခေါင်းအုံးခုလို့ ဇိမ်ကျကျ အိပ်နေတုန်း ဓာတ်မီးရောင်ဝင်းခနဲကြောင့် ထထိုင်လိုက်တယ်။ ရွာသားနှစ်ယောက် ဖြစ်နေတာ တွေ့ရတဲ့အပြင် သူတို့ပြောစကားကိုပါ ဘမုတ်ဆိတ်က နားစွန်နားဖျား ကြားသွားတယ်။ ရွာထဲက ဒေါ်ခင်ကြည်ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက် ပုံမှန်မဟုတ်ဘဲ ထူးဆန်းတဲ့ ရောဂါတစ်မျိုးကို ခံစားနေရတဲ့ အကြောင်း၊ ဘမုတ်ဆိတ်သိတဲ့အခါ လူတွေကို ကူညီတတ်တဲ့ ဘမုတ်ဆိတ်လည်း ဒေါ်ခင်ကြည်ကို ကူညီဖို့ ရွာထဲ လိုက်ဝင်ခဲ့ပါတော့တယ်။ ဒေါ်ခင်ကြည်တို့ အိမ်ခြံဝင်းအဝ ရောက်ရောက်ချင်းမှာပဲ ဘမုတ်ဆိတ်ကို ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေက ဆီးကြိုနေပါတော့တယ်။ အဲဒါကတော့ …