တိုးအေးပေါ်က ... မိခင်မေတ္တာ

အမ်နိုင်း(oasis)

အခမဲ့
တိုးအေးသင်္ဘော တိမ်းမှောက်ခဲ့စဉ်က ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်တွေကို စာဖတ်သူတွေလည်း ကြားဖူးကြမယ် ထင်ပါတယ်။ (၁၉၇၃) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ (ဗုဒ္ဓဟူးနေ့) ညနေပိုင်း၊ ရန်ကုန်ကနေ ဒလအပြန်ခရီးစဉ်မှာ မာရူဒါ ဂျပန်ကုန်တင်သင်္ဘောနဲ့ ဖြတ်တိုက်မိခဲ့တဲ့ တိုးအေးသင်္ဘောပေါ်မှာ ခရီးသည်ပေါင်း (၃၀၀) ဝန်းကျင်လောက် ပါသွားခဲ့တာပါ။ သင်္ဘောမှောက်တဲ့ ဒီအဖြစ်ဆိုးကြီး ဖြစ်ပွားချိန်ဟာ မိနစ်ပိုင်းအတွင်း မြန်ဆန်လွန်းခဲ့တာကြောင့် အသက်ရှင်ကျန်ရစ်သူ နည်းနည်းကလွဲရင် သင်္ဘောပေါ်မှာ ပါဝင်ခဲ့တဲ့ ခရီးသည်တွေ၊ ဝန်ထမ်းတွေအားလုံး တိုးအေးနဲ့အတူ ရန်ကုန်မြစ်ကြမ်းပြင်အောက် ရောက်ရှိသွားခဲ့ပါတယ်။ သင်္ဘောမှောက်တဲ့ ဖြစ်စဉ်အပြီး နောက်ထပ် နှစ်ပတ်လောက်အကြာမှာ တိုးအေးသင်္ဘောကို ရန်ကုန်မြစ်ထဲကနေ ပြန်လည် ဆယ်ယူခဲ့တဲ့အခါမှာတော့ အားလုံး စိတ်ထိခိုက်စရာ မြင်ကွင်းတစ်ခုက သင်္ဘောပျက်နဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီ အဖြစ်အပျက်ကို ပြန်လည်ပုံဖော် ရေးသားထားတဲ့ ဒီဇာတ်လမ်းလေးကတော့ စာဖတ်သူရဲ့ နှလုံးသည်းစိုင်ကို ထိထိရှရှ လှုပ်ကိုင်ဆွဲခါသွားမှာတော့ အသေအချာပါပဲ။