တန်ပြန်ဝဋ်

အမ်နိုင်း(oasis)

အခမဲ့
...ဝဋ်ကြွေးကြမ္မာ မလွတ်သာ ဆိုတဲ့ စကားအတိုင်း၊ ဝဋ်မှာ အမြဲ ငရဲမှာ အပ ဆိုတဲ့ ဘုရားဟော တရားအတိုင်း၊ ဝဋ်ဟာ နောက်ဘဝ မကူးဘူး ဆိုတဲ့ ဆိုရိုးအတိုင်း သံသရာမှာ ကျင်လည်နေကြရတဲ့ သတ္တဝါတွေဟာ မိမိပြုလုပ်ခဲ့တဲ့ မကောင်းမှု အကုသိုလ်တရားကို လက်တွေ့ ပြန်လည် ခံစားကြရတာပါပဲ။ ဒီဇာတ်လမ်းလေးမှာ ငါးဖမ်းစက်လှေတွေ ပိုင်တဲ့ သူဌေး ကိုတိုးမင်းရဲ့ အကုသိုလ်အမှုက နောက်ဘဝမကူးဘဲ ချက်ချင်းလက်ငင်း ပြန်လည်အကျိုးပေးပုံကို သံဝေဂယူဖွယ် ရေးသားထားပါတယ်။ ကြားဖူးကြမှာပေါ့! အင်မတန် အားရှိတယ်ဆိုတဲ့ မျောက်ဦးနှောက် ဟင်းလျာ၊ ယမကာ အမြည်းပွဲ။ ကိုတိုးမင်းနဲ့ သူငယ်ချင်းတွေ ချိန်းဆိုပြီး အရက်သောက်ကြတဲ့ တစ်နေ့၊ အထူးဟင်းလျာအဖြစ် ကိုတိုးမင်း ရက်ရက်စက်စက် မြည်းခဲ့တဲ့ မျောက်ဦးနှောက် ဟင်းပွဲလို … တန်ပြန်ဝဋ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အတုံ့အလှည့်က ကိုတိုးမင်းဘဝကို ဘယ်လို ပြန်လည် ဒဏ်ခတ်မလဲ ဆိုတာတော့ စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်။