ချစ်ခြင်း ဒဏ္ဍာရီ

အမ်နိုင်း(oasis)

200 Kyats ကျပ်
စောင်းအိုလုလင် … ဒီနာမ်စားဝေါဟာရတစ်ခုက မြန်မာလူမျိုးတွေရဲ့ နှလုံးသားထဲ ခေတ်အဆက်ဆက် စီးဆင်းနေတဲ့ နာမည်တစ်ခု။ စောင်းအိုလုလင်နဲ့ ရွှေမင်းသမီး ပုံပြင်တွေက ကလေးဘဝကတည်းက ကြားဖူးနေကျ ဇာတ်လမ်းပါပဲ။ လွမ်းမောဖွယ် ပုံပြင်တစ်ပုဒ်အဖြစ် ကျွန်တော်တို့ ခံစားခဲ့ကြဖူးပါတယ်။ ဆွေးမြည့်ကြေကွဲစရာကောင်းတဲ့ စောင်းခတ်သံနဲ့အတူ ဘုရားအို ဂူပျက်အကြားမှာ ရွေ့လျားနေတဲ့ စောင်းသမားလုလင်ပျိုတစ်ယောက်။ တဖြည်းဖြည်း နီးကပ်လာချိန်မှာ မြင်လိုက်ရတာက စောင်းသမားလုလင်ရဲ့ လည်ပင်းမှာ သွေးချင်းချင်းရဲနေတဲ့ ပြတ်ရှဒဏ်ရာ။ လည်ပင်းကနေ ယိုစီးကျနေတဲ့ သွေးတွေဟာ စောင်းသမားရဲ့ ခန္ဓာကိုယ်အနှံ့ ရဲစွေးသွားတာကို မြင်လိုက်ရချိန်မှာ နှောင်းတစ်ယောက် အိပ်မက်ကနေ လန့်နိုးလာပါတော့တယ်။ ဒီအိပ်မက်က နှောင်း အပျိုဖော်ဝင်စအရွယ်ကတည်းက မကြာမကြာ မက်ခဲ့တဲ့ အိပ်မက်ပါပဲ။ ဘာလို့ နှောင်းဟာ ဒီအိပ်မက်ကို အကြိမ်ကြိမ် မက်နေရတာလဲ၊ အိပ်မက်ထဲက စောင်းအိုလုလင်နဲ့ နှောင်းဟာ ဘယ်လို ပတ်သက်နေသလဲ။ ဒါကတော့ ဇာတ်လမ်းရဲ့ မြှုပ်ကွက်တွေပါပဲ။