တစ်ခါတုန်းက လွမ်းရတဲ့အဖြစ်လေးတွေ

အမ်းသျှမ်း (သျှိသျှားမြေ)

800 Kyats ကျပ်
တ္ထုတိုပေါင်းချုပ်လို့ အမည်တပ်ထားပေမဲ့ အက်ဆေးဆန်ဆန် အရေးအသားတွေလည်း ပါဝင်သလို၊ ဆောင်းပါးဆန်တဲ့ အရေးအသားတွေကိုလည်း မြင်ရမှာပါ။ အများအားဖြင့် ဝတ္ထုတိုတွေ ဆိုပေမဲ့ အက်ဆေး ဆောင်းပါးဆန်တဲ့ အရေးအသားတွေ ပါဝင်တဲ့ ဒီစာအုပ်က စာပဒေသာပေါင်းစု လို့ ဆိုကောင်း ဆိုနိုင်ပါလိမ့်မယ်။ တစ်ခါတုန်းက လွမ်းရတဲ့ အဖြစ်လေးတွေ ဆိုတဲ့အတိုင်း စာရေးသူဟာ သူ့ဘဝမှာ ကြုံဆုံခဲ့ရတဲ့ အတွေ့အကြုံ၊ လူပုဂ္ဂိုလ်၊ ဘဝအမြင် စတဲ့ ဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက်က အဖုံဖုံကို ရသဟန်ကဲ ရေးဖွဲ့ထားပါတယ်။ သူ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ဆရာတွေ၊ သူငယ်ချင်းတွေနဲ့ မိသားစု၊ အားကစား … အကြောင်းအရာ အစုံပါပဲ။ စာဖတ်သူတွေအနေနဲ့လည်း ဖတ်ရှုရင်း လွမ်းမောသွားနိုင်မယ့် အရေးအသား အဖြစ်အပျက်တွေ ဖြစ်တာမို့ ဝန်ဇင်းစာချစ်သူများ ဖတ်ရှုခံစားနိုင်အောင် ညွှန်းဆိုလိုက်ပါတယ်။