မြို့ဟောင်းထဲက ဘုံသားများ

အစိမ်းရောင်

200 Kyats ကျပ်
လူငယ်တွေရဲ့ သဘာဝထဲမှာ စပ်စုတာလည်း အပါအဝင်ပဲလေ။ အဲဒီထဲမှာမှ နာနာဘာဝ၊ ပရလောကနဲ့ ပတ်သက်လာရင် ပိုပြီး စိတ်ဝင်စားကြတယ်၊ ပိုပြီး စပ်စုချင်ကြတယ်။ ဝေယံကျော်တို့ သူငယ်ချင်းတစ်စုလည်း ဒီလိုပဲ။ နွေရာသီကျောင်းပိတ်ရက်မှာ ဘယ်နေရာကို အလည်သွားကြမလဲ စဉ်းစားနေရင်း သူ့ဦးလေးဖြစ်သူနေတဲ့ တောင်ငူမြို့ဘက်ကို သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့စိတ်ဝင်စားတာက တောင်ငူမြို့နားက မြို့ဟောင်းကြီးကို။ အစတုန်းက စိတ်မဝင်စားကြပေမဲ့ အဲဒီမြို့ဟောင်းက သရဲအခြောက်ကြမ်းတယ်၊ မြို့ထဲက ပစ္စည်းယူပြီး ပြန်မထားရင် မြို့အပြင်ထွက်မရတဲ့ အထိဖြစ်တယ်လို့ သိလိုက်ရတော့ သူငယ်ချင်းတစ်စု လုံးဝစိတ်ဝင်စားသွားကြတယ်။ ဝေယံကျော်တို့ သူငယ်ချင်းတစ်စု မြို့ဟောင်းကို ဘယ်လိုသွားကြမလဲ၊ မြို့ဟောင်းထဲရောက်တဲ့အခါမှာ ဘယ်လို ချောက်ချားစရာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ဒီစာအုပ်ထဲမှာ ဖတ်ရှုခံစားကြည့်လိုက်ကြပါဦး။