မွေးမိလေသော ဘီလူး

အစိမ်းရောင်

200 Kyats ကျပ်
ညောင်ပင်သာ ရွာလေးမှာတော့ ကိုသာဖေနှင့် မလှမေ ဆိုရင် မသိတဲ့သူ ဆိုတာ ခပ်ရှားရှားရယ်ပါ။ ရိုးရိုးသားသားနဲ့ မိဘ လက်ငုတ်လက်ရင်း ဖြစ်တဲ့ လယ် ယာ လုပ်ငန်းလေးကိုပဲ အေးဆေးစွာ လုပ်ကိုင် စားကြတဲ့ လင်မယား နှစ်ယောက်ပဲ ဖြစ်ပါတယ်။ သူတို့ လင်မယားနှစ်ယောက်က သဘောလည်း ကောင်းပါတယ်။ သူတို့ အိမ်ထောင်ပြုကြတော့ ကိုသာဖေက အသက် (၃၀)။ မလှမေက အသက် (၂၇)။ အိမ်ထောင်ကျပြီး သားသမီးလိုချင်နေကြပေမဲ့ မရနိုင်တဲ့အတွက် ရွာထိပ်က ညောင်ပင်ကြီးဆီကို နေ့စဉ်နဲ့အမျှ သွားပြီး ဆုတောင်းရတာလည်း အမောပါ။ တစ်နေ့မှာတော့ မလှမေတစ်ယောက် ကိုယ်ဝန်ရှိလာခဲ့တယ်။ ဒါပေမဲ့ သူတစ်ကာ ကိုယ်ဝန်သည် မိန်းမတွေလို မလှမေရဲ့ ပုံစံက မတူဘဲ ထူးခြားနေတယ်။ အသားကို ငမ်းငမ်းတက် စားတယ်။ အသားစားချင်တယ်ချည်း တောင့်တနေတယ်။ ဒီလိုနဲ့ …