ညောင်ပင်အောက်က သွေးပျက်ဖွယ်ရာည

အစိမ်းရောင်

200 Kyats ကျပ်
ကန်တော်ကြီး ကျေးရွာရဲ့ စည်ကားလှတဲ့ ဘုရားပွဲတော်။ ဆယ့်နှစ်ပွဲဈေးသည်တွေ အပြည့်၊ ရွာနီးချုပ်စပ်က ဧည့်သည်တွေနဲ့အတူ ရွာခံ လူပျို အပျို၊ ကလေး လူကြီး ပရိသတ်တွေက ကြက်ပျံမကျ စည်ကားနေပါတယ်။ ဘုရားပွဲမှာ ပျော်ရွှင်ကြဖို့ ရွာက လူတိုင်း တက်ကြွနေပေမဲ့ ထွန်းမောင်တစ်ယောက်က မပျော်နိုင်ပါ။ ဒီလို လူစုလူဝေး ရှုပ်ရှုပ်ထွေးထွေးနေရာတွေ ထွန်းမောင် မသွားချင်ဘူး။ သူငယ်ချင်းတွေကလည်း အိမ်အထိ လိုက်လာပြီး ခေါ်ကြ၊ မိဘတွေကလည်း လိုက်သွားဖို့ တိုက်တွန်းတာကြောင့် ထွန်းမောင်လည်း စိတ်ညစ်ညစ်နဲ့ လိုက်ပါသွားရတယ်။ ဒါပေမဲ့ ထွန်းမောင်ဟာ သူငယ်ချင်းတွေနဲ့ ခွဲထွက်ပြီး ဘုရားပွဲနဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ ညောင်ပင်ကြီးအောက်မှာ ကျန်နေခဲ့တယ်။ ဇာတ်လမ်းက အဲဒီမှာ စတော့တာပဲ။ ထွန်းမောင်ထိုင်နေတဲ့အနား မိန်းကလေးတစ်ယောက် ရောက်လာတဲ့နောက်မှာ ဘယ်လို ချောက်ချားစရာအဖြစ်အပျက်တွေကို ထွန်းမောင်တစ်ယောက် ကြုံရမလဲ ဆိုတာကတော့ …