အစြဲ

အစိမ်းရောင်

300 Kyats ကျပ်
အစွဲအလန်းတရားဟာ သတ္တဝါတွေကို သံသရာရှည်လျားစေတဲ့ အမှောင်အင်အား တစ်ခုပါပဲ။ မိသားစုကိုစွဲစွဲ၊ ဥစ္စာပစ္စည်းကို စွဲစွဲ၊ ချစ်သူကိုပဲ စွဲစွဲ၊ ဘာကိုပဲ စွဲစွဲ၊ အစွဲဟာ ဒုက္ခပေးတတ်ပါတယ်။ အထူးသဖြင့်တော့ ဒီဇာတ်လမ်းက အိမ်ပြောင်းအိမ်ရွှေ့မှာ ကြုံတွေ့ခဲ့ရတဲ့ အစွဲအကြောင်း။ ရန်ကုန်မြို့၊ ရပ်ကွက်တစ်ခုထဲ အိမ်ပြောင်းရွှေ့လာကြတဲ့ လင်မယားနှစ်ယောက်ရဲ့ အဖြစ်အပျက်တွေကို ရင်တထိတ်ထိတ်၊ အသည်းတအေးအေး၊ ကြက်သီးတဖြန်းဖြန်းထအောင် ဖတ်ကြရမယ့် ပရလောကနောက်ခံ ဇာတ်လမ်းတစ်ပုဒ်။ ဖတ်ကြည့်ပါ မိတ်ဆွေ။ တစ်ခုတော့ ရှိတယ်။ သင်သာ လတ်တလော အိမ်အပြောင်းအရွှေ့ လုပ်ထားခဲ့ရင်၊ ဒါမှမဟုတ် … သင့်အိမ်မှာ တစ်ယောက်တည်း ရှိနေရင်တော့ ဖတ်ချင်စိတ်ကို ခဏလေး အောင့်ထားလိုက်ပါဦးနော်။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်လမ်းက ချောက်ချားစရာ သရဲဇာတ်လမ်းတစ်ပုဒ် ဖြစ်နေလို့ပါပဲ။