အခန်းဝက ခြေသံတရှပ်ရှပ်နှင့် သရဲလိုက်သည့်ည

အစိမ်းရောင်

300 Kyats ကျပ်
ပရလောကသားတွေဆိုတာ ယုံရခက်၊ မယုံရခက်ဆိုတဲ့အမျိုး။ တချို့လူတွေက ကိုယ်တိုင်ကြုံဖူးကြပေမယ့် တချို့ကတော့ ကိုယ်တွေ့မကြုံကြလို့ မယုံကြဘူး။ ကိုယ်တွေ့ကြုံရတဲ့အကြောင်းအရင်းတွေထဲက အများစု ကတော့ ခရီးသွားလာရင်းနဲ့ ကြုံတွေ့ရတာကများတယ်။ အခုလည်း ညီညီတစ်ယောက် ခရီးသွားလာရင်းနဲ့ ကိုယ်တွေ့ကြုံရတဲ့ ချောက်ချားဖို့ကောင်းတဲ့ အဖြစ်အပျကင်တစ်ခုကို ပြန်ပြောပြထားတာပါ။ တိုင်းရင်းဆေးတိုက်မှာ ဖြန့်ချိရေးနဲ့ အရောင်းမြှင့်တင်ရေးလုပ်နေတဲ့ ညီညီတစ်ယောက် လားရှိုးရောက်တုန်း တည်းတဲ့အဆောင်မှာ ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာတော့ ....