လူသတ်ကုန်းနှင့် တောခြောက်ခြင်း

အစိမ်းရောင်

200 Kyats ကျပ်
ပွဲရုံမန်နေဂျာ ကိုရဲကို ပိုင်ရှင်က တာဝန်တစ်ခု ပေးခဲ့တယ်။ မကွေးမြို့က ဆန်စက်တွေ အရှုံးပေါ်မှု များနေတဲ့ ပြဿနာရှိနေလို့ ကိုရဲကို ဖြေရှင်းဖို့ တာဝန်ပေးတာပဲ။ မကွေးကို သွားရမယ်ပေါ့။ တကယ်တော့ မကွေးဆိုပေမဲ့ မြို့ပေါ်ဘက် မဟုတ်ပါဘူး။ မြို့ကနေ အတော်လေး သွားရတဲ့ ရွာတွေဘက်မှာပါ။ ကိုရဲလည်း ဇနီးကို အကျိုးအကြောင်း ပြောပြပြီး ခရီးထွက်လာခဲ့တယ်။ ရွာရောက်တော့ ဆိုင်ကယ်ငှားပြီး ဆန်စက်တွေကို စစ်ဆေးတယ်။ နှစ်ရက်လောက် အဲဒီရွာမှာ နေရင်း ပတ်ဝန်းကျင်ရွာတွေဆီ လျှောက်သွားကြည့်မိတဲ့အခါ တောင်ကုန်းတစ်နေရာဘက် ရောက်တော့ ကိုရဲစိတ်တွေ တစ်မျိုးကြီး ဖြစ်လာတယ်။ ကဲ … ဒီလောက် နိဒါန်းပျိုးပြီးရင်တော့ ဒီတောင်ကုန်းနဲ့ ကိုရဲရဲ့ ဆက်စပ်ပတ်သက်မှုတွေ၊ ဒီတောင်ကုန်းရဲ့ လျှို့ဝှက်ချက်တွေ၊ ဘယ်လို သည်းထိတ်ရင်ဖို ချောက်ချားစရာတွေ ဖြစ်လာမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ဖတ်ကြည့်လိုက်တာ ပိုစိတ်ဝင်စားစရာ ကောင်းမှာပါနော်။