မင်းသမီး ကဗျာစုများ

ဟိန်းဆက်သွင်

500 Kyats ကျပ်
...'' မင်းသမီး - ၁ '' ဒီ … ဥမ္မတကောဟာ ငါ့ မင်းသမီးအတွက် သီးသန့်စိုက်ပျိုးထားတဲ့ ချိုချဉ်ငံစပ် … အလွမ်းပဲကွယ်။ ပြီးခဲ့တဲ့ ဇာတ်ဝင်ခန်းမှာ ဇာတ်ညွှန်းဆရာ ညံ့လို့လည်း ဒီဇာတ်လမ်း … လွမ်းစရာကောင်းသွားတာ … တဲ့။ ဒါရိုက်တာက, ပြောတယ်။ ဒီလောက် ... နူးညံ့သိမ်မွေ့တဲ့ အိုက်တင်နဲ့၊ ဒီလောက် … မှော်ဆန်တဲ့ လေယူလေသိမ်းနဲ့၊ ဒီလောက် … ဆွံ့အစေတဲ့ နှုတ်ခမ်းနဲ့၊ တက်သစ်စ, ဆိုပေမဲ့ အကယ်ဒမီပေးပြီးသားပါ မင်းသမီး။ တစ်သက်စာလုံးအတွက် အကောင်းဆုံး … အမျိုးသမီးဇာတ်ဆောင်ဆု။ ။