တောင်တွေ ပဲ့တင်ထပ်သောအခါ

ဟိန်းလတ်

800 Kyats ကျပ်
"ဝမ်းနည်းစရာကောင်းတဲ့ နတ်သမီးလေးတစ်ပါးကို စက္ကူပင် အရိပ်အောက်မှာ တွေ့ခဲ့တယ်" "အနေဝေးလို့ ကြာသွားရင် ညီမလေးက အစ်ကို့ကို မေ့သွားရင်ရော" ( ပါရီ ) ဒီစာအုပ်ဟာ အာဖဂန်ဘွား အမေရိကန်စာရေးဆရာ ခါလစ်ဟိုစိန်နီရဲ့ တတိယမြောက်ဝတ္ထုရှည် စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာတော့ တခြားသော ဘာသာပြန်ဝတ္ထုရှည်တွေလို ပျင်းရိငြီးငွေ့စရာပုံစံမျိုး ဖတ်ရှုရမှာမဟုတ်ဘဲ ဝတ္ထုတိုတွေ စုစည်းထားတဲ့ပုံစံနဲ့ အခန်းတစ်ခန်းကို ဇာတ်ကောင်တစ်ယောက်က ပြောပြနေဟန်ရေးဖွဲ့ထားတာပါ။ ဇာတ်လမ်း ကျောရိုးကတော့ ညီအစ်ကိုမောင်နှမ သားချင်းတွေကြားက မေတ္တာအကြောင်းဖွဲနွဲ့ရေးထားတာပါပဲ။ အဓိက ဇာတ်ကောင်နှစ်ယောက်ကတော့ ဆယ်နှစ်သားအရွယ် အဗ္ဗဒူလာ နဲ့ သုံးနှစ်အရွယ် ညီမလေး ပါရီအကြောင်းပါ။ စိတ်ဝင်စားစရာ ပုံပြင်လေးတွေပြောပြတာပါတယ်။ သူတို့ကြားက ချစ်စဖွယ် ပေးစာလေးတွေပါတယ်။ သူတို့အဖေက ညီမငယ်လေး ပါရီကို ပိုက်ဆံချမ်းသာပြီး ကလေးမရှိတဲ့ လင်မယားနှစ်ယောက်ထံ ရောင်းချဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ တခြားဇာတ်ကောင်တွေနဲ့ရော ဘယ်လိုတွေ ချိတ်ဆက်မိသွားပြီး ဘယ်လိုတွေ ပါဝင်လာကြလေမလဲ။ ကလေးတွေရဲ့ အကြောင်းကို သနားစဖွယ်၊ ချစ်စဖွယ်၊ ဝမ်းနည်းဖွယ်တွေ အစုံအလင်နဲ့ ဖတ်ရှုရယ့် ဆရာဟိန်းလတ်ရဲ့ ဘာသာပြန်စာအုပ် တစ်အုပ်အဖြစ် ဝန်ဇင်းမှာ ဖတ်ရှုကြရအောင်ပါ။