စိတ်ငြိမ်းချမ်းမှု ရှာပုံတော်

ဟိန်းလတ်

800 Kyats ကျပ်
ဗုဒ္ဓဝါဒီတို့သည် ဉာဏ်အမြော်အမြင်ရရန် ရှည်ကြာပြီး စည်းစနစ်ကြီးသော တရားထိုင်မှုများဖြင့် ကျင့်ကြံအားထုတ်ကြသည်။ သူတို့တရားထိုင်သည်ကိုကြည့်လျှင် အိပ်ပျော်နေသည်ဟု ထင်ရသည်။ တကယ်တော့ စိတ်ပြေလျော့သက်သာစွာနေမှုနှင့် ဖျတ်လက်သွက်လက်မှုတို့ကြားတွင် ဟန်ချက်ညီနေခြင်းဖြစ်သည်။ (စာရေးသူ) စာရေးသူဟာ စိတ်ငြိမ်းချမ်းမှုရှာပုံတော် ဟူသည့်အတိုင်း စိတ်ငြိမ်းချမ်းမှုရနိုင်မည့် နည်းလမ်းများကို လိုက်လံရှာဖွေတယ်။ သူရဲ့ ရှာပုံတော်မှာ အိပ်မွေ့ချခြင်းကစလို့ ဂါထာမန္တာန်ရွတ်ဆိုခြင်းအလယ်၊ တရားထိုင်ခြင်းအဆုံးထိ ပါဝင်တယ်။ အိပ်မွေ့ချခြင်း နည်းတွေမှာလည်း သွားနာသူကို မနာဘူးဆိုတဲ့ အသိဝင်အောင် အိပ်မွေ့ချပြီး ထုံဆေးဘာညာမသုံးဘဲ သွားနှုတ်ပြတဲ့ ပညာရပ်အဆင့်ထိ ပါတယ်။ နိုင်ငံတကာကို လှည့်လည်သွားလာပြီး ဘာသာရေးနည်းလမ်းအမျိုးမျိုးနဲ့ စိတ်ငြိမ်းချမ်းမှုကို လိုက်ရှာတယ်။ တချို့အဆင်ပြေတယ်။ တချို့တော့လည်း ဂါထာမန္တာန်အတုတွေနဲ့ လိမ်လည်သူတွေကို တွေ့ခဲ့ရတယ်။ နောက်ဆုံး ရန်ကုန်မြို့ကြီးကို ရောက်တော့ သူတွေ့ခဲ့သူက ဘယ်သူဖြစ်မလဲ ? ဗုဒ္ဓဘာသာနယ်ပယ်ထဲက တရားထိုင်နည်းတွေကို သင်ယူပြီး အမှန်တကယ် စိတ်ငြိမ်းချမ်းမှုရသွားလေမလား။ ဘာသာရေးကို လေ့လာလိုက်စားသူတိုင်း၊ စိတ်ငြိမ်းချမ်းမှုကို လိုချင်သူတိုင်း အမှန်တကယ် ဖတ်ရှုသင့်သောစာအုပ်။ အခုပဲ ဝန်ဇင်းမှာ ဖတ်ကြရအောင်လား ခင်ဗျာ။