သွေးစက်ပေါ်က ဒိုင်ယာရီ

ဟိန်းဆက်သွင်

300 Kyats ကျပ်
ကဗျာဟာ ကမ္ဘာရဲ့ ဒုတိယအမည်နာမ လို့ ခံယူပြီး ကဗျာဆရာဖြစ်ဖို့ ကြိုးစားခဲ့တဲ့ လူငယ်တစ်ယောက်နဲ့ ဂုဏ်၊ ငွေ၊ ပကာသနကို မက်မောတဲ့ အသိုင်းအဝိုင်းက မိန်းကလေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းမှာ ဇာတ်သိမ်းခန်းက လွမ်းမောစရာ၊ နာကျင်စရာတွေနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။ ဒီအဆုံးသတ်ကပဲ ဒီဝတ္ထုရဲ့ ဇာတ်လမ်းအစ။ ချစ်ကြင်နာခဲ့စဉ်ကာလက အတူတူ သွေးလှူခဲ့ကြဖူးတဲ့ ချစ်သူနှစ်ဦးရဲ့ ဆယ်စုနှစ်တစ်စု လွန်မြောက်ပြီးချိန် ပြန်လည်ဆုံတွေ့ခန်းမှာ … တစ်ချိန်က အသည်းနှလုံးရယ်၊ ဘဝရယ်၊ ချစ်ခြင်းမေတ္တာရယ်၊ မျှော်လင့်ချက် အိပ်မက်တွေရယ် … ချစ်သူအတွက် ပေးလှူခဲ့ရဖူးတဲ့ ကဗျာဆရာရဲ့ ဝေဒနာ။ မမျှော်လင့်ဘဲ ပြန်ဆုံတွေ့ချိန်မှာ နာကြည်းခဲ့ရသူရဲ့ အသက်ရှင်သန်မှုအတွက် နှလုံးသွေးကို လှူရင်း မျက်ရည်တစ်ပွင့် လွင့်စင်ခဲ့ရတဲ့ ခံစားမှုတွေကို ညက်နုသိမ်မွေ့တဲ့ အရေးအသားတွေနဲ့အတူ ရင်နင့်ခံစား ဖတ်ရှုကြရမှာပါ။