ကွေကွင်းခဲ့သော ချစ်သူများအား အမှူးထား၍ ကျွန်တော်နှင့် မသက်ထားဆွေတို့သည်

ဟိန်းဆက်သွင်

200 Kyats ကျပ်
သက်ထားဆွေ၏ ယူနီဖောင်းအင်္ကျီ လက်မောင်းအစပ်ရှိ အနီရောင်အနားကွပ်ကလေးကို ကျွန်တော်သည် မမှိတ်မသုန် ငေးကြည့်ခဲ့ဖူးပါ၏။ ယခုမူ … ရှေးယခင်ကာလများစွာက အကြိမ်ကြိမ် အပို့အကြို လုပ်ခဲ့ဖူးသော ဆေးရုံလမ်းကြားလေးထဲမှာ ကျွန်တော်သည် ခေါင်းငိုက်စိုက်စွာဖြင့် ရောက်နေသည်။ အနီရောင် အနားကွပ်လေးကို ကျွန်တော် ရှာသည်။ ‘သက်ထားဆွေ … သက်ထားရေ’ ဟု အသံတိတ်ခေါ်ဆိုရင်း ရှာဖွေကြည့်သော်လည်း နှင်းငွေ့ဝေသီသော မနက်ခင်းတိုင်းတွင် သက်ထားဆွေ၏ အရိပ်ကလေးကိုသော်မျှ မမြင်သာတော့ပါ။ သရက်ရွက်စိမ်းကလေးတွေ၏ ငိုက်စိုက်အဖျားစွန်းမှာ ကွန်းခိုတွဲလွဲဖြစ်နေသည့် နှင်းစက်ရည်တစ်ပွင့်ကို ကျွန်တော် ငေးမိသည်။ ကြည်နူးစရာကောင်းလှသော အတိတ်ဖြစ်စဉ်တို့သည် ထိုနှင်းရည်စက်ငယ်အတွင်းဝယ် ကဆုန်ပေါက်ပြေးလွှားနေကြလေ၏။ တရားတစ်ပုဒ်ကို ကျွန်တော် အခါခါ နာရပါသည် သက်ထားဆွေရယ်။ ကြေကွဲရပါသည်ကွယ်။