အပေအတေ မှတ်တမ်း - ၂

ဟိန်းဆက်သွင်

600 Kyats ကျပ်
ဆရာဟိန်းဆက်သွင်ဆိုတာ ဝတ္ထုတိုနဲ့ ကဗျာတွေ အရေးများပြီး နှလုံးသားခံစားချက် သိမ်မွေ့နူးညံ့သူ လူငယ်စာရေးဆရာတစ်ဦး။ သူ့ ရင်ဘတ်ထဲက အန်ထွက်လာတဲ့ ခံစားချက် အပိုင်းအစတွေကို ဒီစာအုပ်ထဲမှာ နှလုံးသားအပိုင်းအစ စာဝါကျများဆိုပြီး၊ သူ ဖြတ်သန်းခဲ့ရတဲ့ ဘဝ … အတိတ် … ကာလတွေထဲမှာ သူ့ စိတ်ထဲ စွဲထင် ကျန်ရစ်ခဲ့တာတွေကို တစ်စချင်း ဆွဲထုတ် ခံစားပြထားပါတယ်။ ငြိမ်ငြိမ်ကလေးနဲ့ ဖတ်လို့ကောင်း ခံစားလို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါပဲ။ အပေအတေမှတ်တမ်း (၁) ကို ဖတ်ပြီးကြပြီးရင်တော့ အခု ဆက်ထွက်လာတဲ့ အပိုင်း (၂) ကိုလည်း မဖတ်ဘဲမနေနိုင်အောင် ဆက်လက်ဖတ်ချင်နေမှာ သေချာပါတယ်။ ကျေးလက်တောရွာက ဘဝဖြတ်သန်းမှု အတွေ့အကြုံ၊ အဖြစ်အပျက်တွေ၊ စာပေခရီးလမ်းက အခက်အခဲ အတွေ့အကြုံတွေ၊ ဘဝမှာ ကြုံတွေ့ခံစားခဲ့ရတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ထူးထူးခြားခြား ဖြစ်စဉ်တွေကို တစ်ပုဒ်ချင်းစီ ရေးဖွဲ့ထားတာ စိတ်ဝင်စားစရာပါ။