အသည်းကွဲ ဗက်တီးရီးယား

ဟိန်းဆက်သွင်

300 Kyats ကျပ်
လွမ်းမောစရာ အချစ်ဇာတ်လမ်းကိုမှ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ ဖန်တီးထားတဲ့ Romantic ဝတ္ထုတစ်ပုဒ်။ စာချစ်သူတို့ ဖတ်ဖူးနေကျ အချစ်ဇာတ်လမ်းတွေထဲကနေ သိသိသာသာ ခွဲထွက်ထားတဲ့ အရသာသစ်တစ်မျိုးနဲ့အတူ ဘယ်အချစ်ဇာတ်လမ်းမှာမှ ဇာတ်လိုက်အဖြစ် မမြင်ဖူးသေးတဲ့ ဇာတ်ကောင်အသစ်တွေရဲ့ အချစ်ခံစားမှုတွေကို ဖတ်ကြရမှာပါ။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်တွေဟာ ချစ်တတ်ကြတယ်၊ လွမ်းတတ်ကြတယ်၊ နာကျင်တတ်တယ်၊ စူးစမ်းတတ်တယ်၊ ဝမ်းနည်းတတ်တယ်၊ ခံစားတတ်တယ်။ ဒါပေမဲ့ … သူတို့က လူသားဇာတ်ကောင်တွေ မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေထဲမှာ လိုအပ်လို့ ရှိနေတဲ့ ဗက်တီးရီးယားလေးတွေပါ။ ရှေးနှစ်ပေါင်း ဘီလီယံနဲ့ချီပြီး ဒီကမ္ဘာပေါ်မှာ မှီတင်းနေထိုင်ခဲ့ကြတဲ့ သူတို့မျိုးနွယ်စုကြီးဟာ ခေတ်တွေကို ဖြတ်သန်းပြီး မျိုးစိတ်အသစ်အသစ်တွေနဲ့ ယနေ့အထိ ပြန့်ပွားတည်ရှိနေကြဆဲပေါ့။ ဆေးပညာနဲ့ ဇီဝဗေဒအရတော့ သူတို့ကို ဆဲလ်တစ်လုံးတည်းနဲ့ Microbio ခေါ် အနုဇီဝအုပ်စုထဲ သတ်မှတ်ထားကြပေမဲ့ ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင် ဗက်တီးရီးယားလေးတွေက သာမန်ဗက်တီးရီးယားတွေနဲ့ မတူဘဲ ခံစားမှုရှိတဲ့ အကောင်လေးတွေအဖြစ် မြင်ရမှာပါ။