သူငယ္နာ

ဟိန်းဆက်သွင်

300 Kyats ကျပ်
‘မွေးမြူရေး ဝါသနာပါရင် ကြက်မွေး၊ ဘဲမွေး။ ကြက်သား၊ ဘဲသားနဲ့ ကြက်ဥ၊ ဘဲဥ စားရသေးတယ်။ မနာလိုစိတ်၊ ဝန်တို မစ္ဆရိယစိတ်တော့ ယောင်လို့မှ မမွေးနဲ့၊ ဘာမှ မစားရဘဲ အကုသိုလ်ချည်း စားရလိမ့်မယ်’ ဆိုတဲ့ ဆရာတော်တစ်ပါးရဲ့ သြဝါဒစကားကို ကြားဖူးမယ် ထင်ပါတယ်။ တကယ်တော့ လောကမှာ မိမိထက်သာရင် မနာလိုစိတ် ဖြစ်တတ်တာ လူ့သဘာဝပဲ မဟုတ်လား။ ငွေကြေးအရဖြစ်စေ၊ လူရာဝင်မှုကြောင့်ဖြစ်စေ၊ အဆင့်အတန်း ဂုဏ်ဒြပ်အသိုင်းအဝိုင်းကြောင့်ဖြစ်စေ၊ ပညာကြောင့်ဖြစ်စေ၊ လူတွေဟာ မနာလိုစိတ် ဖြစ်တတ်ကြပါတယ်။ ဒီအခါမှာ မနာလိုစိတ် ကြီးသူအတွက်ပဲ မကောင်းမှု အကုသိုလ်တွေက တန်ပြန်အကျိုးပေးလေ့ရှိပါတယ်။ ဒီဇာတ်လမ်းက မွန်ပြည်နယ်မှာရှိတဲ့ ရွာကလေးတစ်ရွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) ကျော်က အမှန်တကယ် ဖြစ်ပွားခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခုကို အခြေတည်ပြီး ဘဝရသ ဝတ္ထုတိုအဖြစ် ပုံဖော်ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဦးရွှေတလုပ်ဆိုတဲ့ တိုင်းရင်းဆေးဆရာ လူရိုးကြီးကို မျက်စိစပါးမွေးစူးနေတဲ့ ဦးလူတင်ဆိုသူ ဆန်စက်ပိုင်ရှင် သူဌေးတစ်ယောက်ရဲ့ စိတ်သဘော၊ လူ့ဗီဇ၊ လူ့စရိုက်သဘာဝတွေကို ရသဇာတ်အိမ်နဲ့ ပေါင်းစပ်ပြီး ရေးသားထားတဲ့ ဟိန်းဆက်သွင်ရဲ့ … သူငယ်နာ။ ဒီဇာတ်လမ်းအဆုံးမှာ ခံစားစရာတချို့နဲ့ တွေးစရာတစ်ခုခုတော့ စာဖတ်သူရဲ့ ရင်ထဲ အချိန်အတိုင်းအတာတစ်ခုအထိ ကျန်ရစ်စေခဲ့မှာပါ။