လိပ်ပြာတောင်ပံစွန်းက အဝိဇ္ဖာ အပဲ့အပွန်းများ

ဟိန်းဆက်သွင်

600 Kyats ကျပ်
လွမ်းမောစရာ ခံစားမှုတွေကို နုသစ်နူးညံ့တဲ့ စကားလုံးတွေနဲ့ ကဗျာချစ်သူတွေရဲ့ ရင်ကို တည့်တည့်ထိရှစေမယ့် ချစ်ခြင်းဖွဲ့ကဗျာများစွာကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။ ဘဝထဲက ချစ်ခြင်းတွေဟာ ကွေကွင်းခြင်းနဲ့ အဆုံးသတ်လေ့ရှိတယ်ဆိုတာကို ကဗျာတွေထဲကနေတစ်ဆင့် ကဗျာဆရာက ကဗျာဖတ်သူဆီ လက်တို့ထားတဲ့ ကဗျာတွေလို့ ဆိုနိုင်သလို၊ အသည်းနှလုံးတို့ရဲ့ ဝေဒနာ၊ ချစ်ခြင်းရဲ့ ကြီးမြတ်လေးနက်မှုနဲ့ လွမ်းရခြင်းရဲ့ အဝိဇ္ဇာကို ကဗျာဝေါဟာရတွေက တံခါးခေါက်ပြထားပါတယ်။ ‘ဖိနပ်’ လို့ အမည်ပေးထားတဲ့ ကဗျာတိုလေးမှာဆိုရင် ဒီလို ဖွဲ့ပြထားပါတယ်။ မြည်းကြည့်ပါဦး။ ‘ဖိနပ်’ သဲကြိုး ... မပြတ်သမျှ၊ (သခင့် ခြေအစုံ) ခဲ ... ထိုး, ပြတ်, ရှ ... မဖြစ်စေဖို့၊ သဲကိုလည်း ... တိုး၊ မြေကိုလည်း ရှပ်၊ အောက်အရပ် ဘာသာပျော်လို့၊ ကျောက်ထပ် အလွှာလွှာပေါ်သို့၊ နောက်ထပ် အခါခါကျော်ဖို့၊ သမုလမ်းပေါ် အတူနင်းကာ၊