မနုႆဂီတ ကဗ်ာမ်ား
ဟိန်းဆက်သွင်
500 Kyats ကျပ်
...''နောက်ဆုံးဖန်ဆင်းခြင်း''
အလုံးစုံကို ဖန်ဆင်းပြီးသော၊
ထိုညဦးဝယ် …၊
ဘုရားသခင်သည် …
အလွမ်းကို ဖန်ဆင်းတော်မူ၏။
''စိတ်လိုလက်ရ ''
ယခုဇာတ်မှာ …
အမှုပတ်စရာပဲ၊
သုဘဒ္ဒါအသည်းနဲ့ … ခင်။
မနောသရုပ်အရမှာ …
သဘောယုတ်လှပါတဲ့၊
သောနုတ္တရ, ပမာလည်း
ငါ … မဖြစ်ချင်။
ဖြစ်ချင်းဖြစ် …
ချစ်ခြင်းတစ်ခေတ်မှာ
စစ်မခင်းဖြစ်ဘဲ၊
သမုဒယ ဇာတ်အဆန်မှာ …
မရှုမလှ အသတ်ခံဖို့ …
ဒုတိယ, ဆဒ္ဒန် ဖြစ်ပါရစေ။ ။