မင်းသိင်္ခ Universe

ဟိန်းဆက်သွင်

အခမဲ့
ဆရာမင်းသိင်္ခရဲ့ စာအုပ်တွေဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝတလျှောက်လုံးသာမက၊ ဒီနေ့ ဒီအရွယ်အထိလည်း စာဖတ်သူတွေကို လွှမ်းမိုးထားနိုင်ဆဲပါ။ ဆရာမင်းသိင်္ခရဲ့ ဇာတ်ကောင်တွေထဲမှာ မြန်မာစာဖတ်ပရိသတ်နဲ့ အရင်းနှီးဆုံး ဇာတ်ကောင်တွေ ရှိပါတယ်။ ဥပမာအားဖြင့် … စနေမောင်မောင်၊ ဆားပုလင်းနှင်းမောင်၊ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား၊ တစ်ကျွန်းပြန်မိုးသီး၊ လူစွန့်စား သူခိုးကြီးသေတ္တာ၊ ပုဏ္ဏားဘကွန်း … စတဲ့ ဇာတ်ကောင်တွေဟာ မြန်မာစာဖတ်ပရိသတ်အတွက်တော့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရင်းနှီးကြ၊ သိကြတဲ့ ဇာတ်ကောင်တွေပါပဲ။ ယောက်ျားပီသတဲ့ စိတ်နှလုံး၊ သူတစ်ပါးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတတ်တဲ့ ခံယူချက်၊ သေရဲသတ်ရဲတဲ့ သူရသတ္တိ၊ လုပ်ရဲခံရဲတဲ့ ဗျတ္တိ၊ လောကကြီးကို ထူးခြားတဲ့ အတွေးအမြင်တွေနဲ့ ကြည့်မြင်သုံးသပ် ခံစားတတ်တဲ့ စိတ်သဘောထား၊ အတွေးဒဿနတွေနဲ့ ထူးခြားတဲ့ ဇာတ်ရုပ်တွေပါပဲ။ ဒီစာအုပ်မှာ ဆရာမင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်စီးရီးတွေနဲ့အတူ လူထူးဆန်း လူစွန့်စားကြီး စနေမောင်မောင်ရဲ့ စွန့်စားခန်းတွေကို ဇာတ်ကောင်တစ်ဦးချင်းစီအလိုက်၊ ဇာတ်ဝတ္ထု တစ်ပုဒ်ချင်းစီအလိုက် အသေးစိတ် သုံးသပ်ချဉ်းကပ်ထားတာကို ဖတ်ကြရမှာပါ။ ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင်နဲ့ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားတို့ကို စွဲလမ်းနှစ်သက်ကြတဲ့ ဆရာမင်းသိင်္ခရဲ့ ပရိသတ်တွေအတွက်တော့ ဒီစာအုပ်က မဖြစ်မနေ ဖတ်ကြည့်သင့်တဲ့ စာအုပ်ပါပဲ။