ချစ်သူတို့၏ နိုင်ငံတော် သီချင်း

ဟိန်းဆက်သွင်

600 Kyats ကျပ်
‘ချစ်ခြင်းမေတ္တာနှင့်တကွ၊ ကျဆုံးသွားကြသော အသည်းနှလုံးများအား၊ အလေးပြု …’ တဲ့။ နိုင်ငံတိုင်းမှာ နိုင်ငံတော်သီချင်း ရှိသလို၊ ချစ်ခြင်းရဲ့ နိုင်ငံတော်မှာလည်း ချစ်သူတွေရဲ့ နိုင်ငံတော်သီချင်း သီးသန့် ရှိပါလိမ့်မယ်။ ဒီစာအုပ်ထဲမှာတော့ ဆရာဟိန်းဆက်သွင်ရဲ့ ချစ်ခြင်းဖွဲ့ ကဗျာများစွာကို ခံစားကြရမှာပါ။ ချစ်သူများနေ့လည်း နီးကပ်လာပြီဆိုတော့ အချစ်ကဗျာ နုနုချိုချိုလေးတွေက ကိုယ့်ဆရာတို့အတွက် အကျိုးပေးစရာလေးတွေပေါ့ခင်ဗျ။ ကဗျာတစ်ပုဒ်ချင်းစီရဲ့ သိမ်မွေ့လှပတဲ့ အတွေးနိမိတ်ပုံတွေကို ခံစားကြည့်စေချင်ပါတယ်။ ကိုယ့်ဆရာတို့ရဲ့ ရင်ခုန်သံတွေနဲ့ ထပ်တူကျမယ်လို့ အာမခံပါတယ်နော်။ ကဗျာအတိုလေး တစ်ပုဒ်လောက် မြည်းကြည့်ပါဦး။ ခေါင်းစဉ်က ‘ဖီးနစ်’ တဲ့။