Dear loser

ဟန်မူရာသွေး

400 Kyats ကျပ်
ဒီ BL Novel ကတော့ ဇာတ်လမ်းဇာတ်အိမ်ကျယ်တယ်။ ဖတ်ရတာ အားရတယ်။ ဇာတ်လမ်းထဲမှာ ရဲသီဟနိုင်နဲ့ သက်ပိုင်မှူး။ သူတို့နှစ်ယောက်က ရှစ်တန်းကျောင်းသားဘဝမှာ စခင်ကြတာ။ နောက်တော့ သီဟက သူ့ခံစားချက်ကိုနားလည်ပြီး သက်ပိုင်မှူးကို ကပ်တယ်။ ဆယ်တန်းရောက်တော့ သီဟက ဘော်ဒါဆောင်သွားတယ်။ ပြန်လာတော့ သူရဲ့ရင်ခုန်သံကို သက်ပိုင်ဆီဖွင့်ဟတယ်။ ဒါပေမဲ့ သက်ပိုင်က - “ငါတို့၂ယောက်က ခံသားချက်ချင်း တူတယ်၊ ဒါပေမဲ့ ... အခြေအနေချင်းက မတူဘူးဖြစ်နေတယ် … အဆင့်အတန်းလည်း ကွာခြားတယ်၊ ယောက်ျားချင်းလည်းဖြစ်နေလို့” ဆိုပြီး ငြင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် နာကျင်စရာတွေ ဖြစ်လာမယ့် အဖြစ်အပျက်တချို့ ဖြစ်ခဲ့ကြပါတယ်။