မေသော်တာနှင့် ဆဋ္ဌမအာရုံ

သျှား

200 Kyats ကျပ်
မြစ်ဝကျွန်းပေါ် နယ်မြို့လေး တစ်မြို့မှာ ဦးစံကောင်းနဲ့ ဒေါ်မြယာ ဆိုတဲ့ ဇနီးမောင်နှံနှစ်ဦး ရှိပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ဦးစလုံးဟာ အနေအထိုင် အေးဆေးပြီး နှစ်ဦးစလုံး သာမန်လခစား ဝန်ထမ်းတွေပဲ ဖြစ်ကြပါတယ်။။ ဘာသာတရား ကိုင်းရှိုင်းသူ လူရိုးလူအေး ဇနီးမောင်နှံပါပဲ။ တန်ဆောင်မုန်း လပြည့်နေ့ည သန်းခေါင်ယံ အချိန်မှာ ဦးစံကောင်းနဲ့ ဒေါ်မြယာတို့ နေအိမ်မှာ ဆူညံဆူညံ အသံတွေ ထွက်ပေါ်နေပါတယ်။ အဲဒါကတော့ ဒေါ်မြယာတစ်ယောက် မိန်းမတို့ရဲ့ ဓမ္မတာအတိုင်း ကိုယ်ဝန်ဆောင်ခဲ့ပြီး မီးဖွားနေချိန်ပဲ ဖြစ်ပါတယ်။ အဲဒီလို မီးဖွားနေချိန်မှာ ဦးစံကောင်းတစ်ယောက် အိမ်အဝမှာ အင်္ဂုလိမာလသုတ်ကို အခေါက်ခေါက် ရွတ်နေတုန်း ခြံဝမှာ အဖြူရောင် အလင်းစက်မှုန်တွေ ကျလာတယ်။ အဲဒီ အလင်းစက်မှုန်တွေ ကြားထဲမှာ နန်းဝတ်နန်းစားတွေ ဝတ်ထားတဲ့ အိုးစည်ဗိန်းဗောင်းတွေနဲ့ လူတစ်စု တီးမှုတ်ကခုန်ပြီး အိမ်ထဲ ဝင်လာကြတယ်။ ဦးစံကောင်းက အော်ဟစ်ပြီး အိမ်ထဲမဝင်ဖို့ တားမြစ်လိုက်ချိန်မှာပဲ အဲဒီလူစုဟာ ဗြုန်းဆို ပျောက်သွားပါရော။ ဒီအချိန်မှာပဲ ဒေါ်မြယာဟာ သမီးဦးလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကဲ … ဒီလို ထူးခြားမှုတွေနဲ့ လူ့လောကထဲ ရောက်လာတဲ့ မေသော်တာဟာ ဘယ်လို ထူးထူးကဲကဲ အစွမ်းတွေကို ပိုင်ဆိုင်လာမလဲ၊ ဘယ်လို ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ကြုံရမလဲ။