နှင်းဆီရောင် မိန်းကလေးများ၏ နှင်းဆီရောင်နှလုံးသား စာစုလေးများ

သျှား

600 Kyats ကျပ်
❤ လူတိုင်း ဘဝမှာ အချစ်နဲ့ တစ်ကြိမ်တစ်ခါလောက်တော့ ထိတွေ့ဖူးကြပါတယ်။ ထိတွေ့ဖူးသူတိုင်းကလည်း ရူးသွားတတ်ကြတယ်။ အဲဒါဆို အချစ်က ဆိုးရွားလို့လား ? မဟုတ်ပါဘူး။ အချစ်ဆိုတာ ပူလောင်သလို၊ အေးမြမှုတွေလည်းရှိပါတယ်။ အေးမြမှုက အမာရွတ်ကို မထင်စေပေမယ့် ပူလောင်မှုကတော့ နှလုံးသားကိုလောင်ကျွမ်းပြီး ဒဏ်ရာရစေပါတယ်။ ပူလောင်တဲ့ဒဏ်ရာအမာရွတ်က ပျောက်ဖို့ခက်လေ့ရှိသလို မေ့ဖျောက်ဖို့လည်းခက်တယ်လေ ... ❤ ဒီစာအုပ်ထဲမှာ နှင်းဆီရောင်မိန်းကလေးတွေက သူတို့ရဲ့ နှင်းဆီရောင်နှလုံးသားနဲ့ ထိတွေ့ဖူးတဲ့ ပူလောင်မှုတွေနဲ့ အေးမြမှုတွေကို စကားစုလှလှလေးတွေနဲ့ ရေးဖွဲ့ထားတဲ့စာတွေအပြည့်ပါပဲ။ စာဖတ်ပရိသတ်ကြီးတို့ရဲ့ နှလုံးသားနုနုလေးနဲ့ ခံစားကြည့်ပါဦး။