ဆဋ္ဌမအာရုံရှင် မောင်နှံနှင့် စေတန်ဂိုဏ်း

သျှား

600 Kyats ကျပ်
ဒီစာအုပ်က မမြင်ရတဲ့ လောကအကြောင်း ရေးထားတဲ့ တခြားဇာတ်လမ်းတွေလို မဟုတ်ဘူးဗျ။ စေတန်နတ်ဆိုးအကြောင်း အဓိကထား ရေးထားတာ။ စေတန်နတ်ဆိုးက ဘဝကိုအရှုံးပေးနေသူတွေ၊ ဒုက္ခအကြီးအကျယ် ရောက်နေသူတွေကို လိုက်ကူညီတယ်။ ပြီးတော့ သူ့ကို ဘာပြန်ပေးနိုင်မလဲဆိုပြီး ပြန်တောင်းတယ်။ လစ်ဇီ၊ သုထက်၊ ဇော်ထိုက်၊ ကေသီဖြူ အပါအဝင်တခြား လူတော်တော်များများ ကိုစေတန်က ကူညီပေးခဲ့တယ်။ ပြီးတော့ တစ်ခုခု ပြန်တောင်းတယ်။ ရှင်းရှင်းပြောရရင် ဂိုဏ်းဖွဲ့တာပေါ့။ ပြီးတော့ သော်တာနဲ့ နေထွဋ်။ သူတို့နှစ်ယောက် မင်္ဂလာဆောင်တဲ့နေ့မှာပဲ စေတန်ရဲ့နမိတ်တွေကို ကြုံတွေ့ရတယ်။ ဘာဖြစ်လို့လဲ။ စေတန်က ဘာဖြစ်လို့ လူတွေလိုက်စုပြီး ဂိုဏ်းဖွဲ့နေတာလဲ။ မင်္ဂလာဆောင်ထားတဲ့ နှစ်ယောက်နဲ့ရော ဘယ်လိုဆက်စပ်နေတာလဲ။ ဘယ်သူက ဘယ်လိုအကူအညီတွေ ပေးမှာလဲဆိုတာ ... အရမ်းမိုက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖို့ ဖတ်ကြည့်ပါဦးဗျာ။