ဤမှန်သောအမုန်းတရားကြောင့်

သျှင်မ

900 Kyats ကျပ်
ဘဝ အခြေအနေ အကြောင်းကြောင်းအရ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ နယ်မြို့ကလေးကို စွန့်ခွာပြီး ခရီးဝေးဆီ ထွက်ခွာသွားရတော့မယ့် … ကိုင်း ဆိုတဲ့ ကောင်မလေးကို ကားမထွက်ခင် သူငယ်ချင်းတွေ လာရောက်နှုတ်ဆက်ကြတယ်။ ကိုင်းမျက်ဝန်းမှာရော၊ သူငယ်ချင်းတွေရဲ့ မျက်ဝန်းတွေမှာရော မျက်ရည်စတွေ ရစ်ဝဲခိုတွဲလို့။ ကိုင်းကတော့ ကားမထွက်ခင်အထိ သူ့ကို လာနှုတ်မဆက်တဲ့ သူငယ်ချင်းတစ်ယောက်ကို မျှော်နေမိဆဲပဲ။ မြတ်သု ဆိုတဲ့ ကောင်လေးက ကိုင်းရဲ့ အချစ်ဆုံး သူငယ်ချင်း။ မြတ်သု မလာတော့ဘူးလို့ ကျန်သူငယ်ချင်းတွေ ဘယ်လိုပြောပြော ကိုင်းကတော့ မြတ်သု လာမယ်ဆိုတာ ယုံကြည်တယ်။ ကိုင်း ယုံကြည်တဲ့အတိုင်းပါပဲ။ ကားဘီးစလိမ့်စမှာ အဝေးကနေ အပြေးလာနေတဲ့ မြတ်သုကို လှမ်းမြင်လိုက်တယ်။ ကားနောက်ကနေ ကိုင်းနာမည်ကို အော်ဟစ်ပြီး အပြေးလိုက်လာတဲ့ မြတ်သု၊ ကားက အရှိန်နဲ့ စတင်ပြေးနေပြီ။ ကိုင်း လက်ထဲက ပဝါလေးကို ကားပြတင်းကနေ ပစ်လွှင့်ပေးလိုက်တယ်။ တစစနဲ့ ပြေးလိုက်လာတဲ့ မြတ်သုပုံရိပ်လေး ပျောက်ကွယ်သွားတဲ့အထိ ငေးကြည့်နေမိရင်း ကိုင်း မျက်ရည်တွေ အတားဆီးမဲ့ ပြိုဆင်းလာခဲ့တယ်။ ဒီ့နောက်မှာတော့ … အချိန်တွေ တရွေ့ရွေ့၊ ရာသီနှစ်လတွေ တရိရိ ကုန်ဆုံးခဲ့ပြီးချိန်မှာ … ဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ အစပျိုးခဲ့တဲ့ ဒီဇာတ်လမ်း ဘယ်လို အဖြစ်အပျက်တွေနဲ့ စာဖတ်ပရိသတ်ကို ဖမ်းစားမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။