အလွမ်းနဲ့ မဆုံးချင်ဘူး

သျှင်မ

900 Kyats ကျပ်
ကကနဲ့ အပါ။ တစ်ရက်ထဲ၊ တစ်ချိန်ထဲ မွေးလာသူတွေ။ တစ်ယောက်က ဆေးကျောင်းသား၊ တစ်ယောက်က အင်ဂျင်နီယာလောင်း။ အပါက သွေးအေးတယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် လူစိတ်ဝင်စားအောင် ညှိပြီးမှ ဒိုင်းခနဲ လုပ်ပြတတ်တဲ့သူ။ ကက,က စိတ်မြန်လက်မြန်သမား။ ဖွဲ့နွဲ့သိုင်းဝိုင်း လုပ်မနေဘူး။ ဒီလိုတွဲပြောလို့ သူတို့နှစ်ယောက်ကို တည့်တယ်မထင်နဲ့နော်။ တွေ့တာနဲ့ တဂျက်ဂျက် ရန်ဖြစ်နေကြတာ။ မိဘတွေကရင်းနှီးတယ်။ ချမ်းသာတယ်။ သူတို့က ကြောင်နဲ့ကြွက်လိုသာ ရန်ဖြစ်နေကြတာ၊ တစ်ယောက် စိတ်တစ်ယောက်နားလည်တယ်။ တူတာတစ်ခုတော့ရှိတယ်။ အဲဒါက ဘယ်နှုတ်ခမ်းနီမလေးတွေကိုမှ စိတ်မဝင်စားတာပါပဲ။ အပါပြောသလို သူတို့အချစ်ကဘယ်မှာအိပ်ပျော်နေတာလဲ ဆိုတာကို သိချင်ရင်တော့ ...