အရက္ခ်ိဳ အခ်စ္ခါး

သျှင်မ

900 Kyats ကျပ်
... “အုပ်ထိန်းသူက အုပ်ထိန်းပေါ့၊ ငါသွားမယ့် လမ်းကို မပိတ်နဲ့၊ ငါလုပ်တာကို မတားနဲ့၊ မင်္ဂလာဆောင်ခါနီးတာ ဘာဖြစ်လဲ၊ လက်ထပ်တော့မယ် ဆိုတာနဲ့ပဲ အိမ်တွင်းပုန်း လုပ်နေရမှာလား၊ ယူတောင် မယူသေးဘူး ကိုယ့် အခွင့်အရေးတွေ သူ့ကို ပုံအိပ်ပြီး ပြားပြားဝပ် လည်စင်းမနေနိုင်ပါဘူး၊ အန်ကယ်မိုး ပြောလိုက်ရင် လင်းအား ဆိုတဲ့လူက ကမ္ဘာ့တန်ဖိုးကြီး ရှားပါးသတ္တဝါတစ်ကောင်လိုလို၊ အန်တီမမကကျတော့ ငါ့ကိုပဲ ထိန်းသိမ်းမနိုင်လို့ ယောက်ျား မြန်မြန်ပေးစားရပါတယ် ဆိုတဲ့ မျက်လုံးနဲ့၊ ဟွန်း ...” ပါးစပ်ကနေ ပေါက်ပေါက်ဖောက်သလို ပြောနေရင်း စက်ဘီးဆွဲထွက်တော့ မေးက ရှေ့ကနေ လက်ကိုင်ကို ဖမ်းဆွဲထားကာ … “ဒါက ဘယ်လိုလဲ၊ ပြောနေရင်းကိုပဲ နင် မရတာ၊ ကိုယ့်ကို အကောင်းပြောတဲ့ လူကြီးတွေကိုလဲ တလွဲထင်လိုထင်၊ သူတို့ ဘယ်လိုပြောနေနေ အန်ကယ်မိုးက သူ့အိမ်သူ့မိသားစုနဲ့တောင် တစ်နေကုန် ဖင်မြဲအောင် မနေဘူး”