မဟာကမ္ဘာတည်စေသော်

သျှင်မ

900 Kyats ကျပ်
တချို့အတိတ်တွေက မေ့ဖျောက်ရခက်သလို အရမ်းလည်း နာကျင်ရပါတယ်။ အချိန်တွေ ကြာလာတာတောင် သတိရမှုက နည်းနည်းမှ လျော့မသွားတတ်ပါဘူး။ မဟာသွေးလည်း ရွှန်း ဆိုတဲ့ ကောင်မလေးကြောင့် နာကျင်ခဲ့ရတယ်။ အလုပ်တွေ ပစ်ထားမိတယ်။ အရက်တွေ သောက်မိတယ်။ အပျက်စီးကြီး ပျက်စီးမိတယ်။ အချိန်သုံးနှစ်ကြာတာတောင် မေ့မရခဲ့ဘူး။ သူ့ကိုယ်သူတော်တော်လေး ထိန်းယူခဲ့ရတယ်။ အခုနောက်ပိုင်း သူ့ကုမ္ပဏီကို တခြားကုမ္ပဏီတစ်ခုက နည်းမျိုးစုံနဲ့ တိုက်ခိုက်တာကို ခံနေရတယ်။ တခြားကုမ္ပဏီပိုင်ရှင်က ဘယ်သူမှန်းလည်းမသိ။ ဒီတော့ မဟာသွေး တခြားကုမ္ပဏီပိုင်ရှင်ကို သိဖို့ကြိုးစားတဲ့အချိန်မှာ ကုမ္ပဏီပိုင်ရှင်က သူသိပ်ချစ်ခဲ့ရတဲ့ ရွှန်းဖြစ်နေတာပဲ။ အဲဒီနောက်ပိုင်း ဇာတ်လမ်းက ဘယ်လောက်အထိ ကောင်းနေလဲ ဆိုတော့ ...