ကျူးပစ်၏ သမီးပျို

သျှိုး

700 Kyats ကျပ်
မိခင်ဖြစ်သူက မြပုလဲဆိုတဲ့ ကောင်မလေးနဲ့ အတင်းအကျပ် စီစဉ်နေလို့ စိတ်ဆင်းရဲနေတဲ့ ညီနှိုင်းဆတစ်ယောက် သူငယ်ချင်းတွေနဲ့ အရက်ဆိုင်ထိုင်ရင်း သူ့ခံစားချက်တွေကို ရင်ဖွင့်နေချိန်၊ အရက်ဆိုင်ရှေ့မှာ အပျိုအရွယ် ကောင်မလေးကို သူ့ဖခင်ဖြစ်သူက ဆံပင်ဆောင့်ဆွဲ ပါးရိုက်နေတဲ့ မြင်ကွင်းကို မြင်လိုက်ရတယ်။ ကူညီဖို့ ကြိုးစားပေမဲ့ သူငယ်ချင်းတွေက တားနေသလို၊ ကာယကံရှင်တွေကလည်း သားအဖဖြစ်နေတာမို့ ရင်နာနာနဲ့ မျက်နှာလွှဲခဲ့ရတယ်။ အဖေရော အမေပါ အမြဲတမ်း ဒေါသတကြီး ရက်ရက်စက်စက် ပြောဆို နှိပ်စက်တာကို ဝမ်းနည်းစွာ ခံစားနေရတဲ့ မနောဖြူကတော့ သူ့ဘဝကို သူ နားမလည်နိုင်ဘူး။ သူ ကြားဖူးတဲ့ မိဘမေတ္တာဆိုတာ လက်တွေ့မှာ တစ်ကြိမ်တစ်ခါမှ မရခဲ့ဖူးဘူး။ ဒါဘာကြောင့်လဲ။ သူ့မိဘတွေက သူ့ကို ဘာကြောင့် ရက်စက်နိုင်ကြရတာလဲ။ ကံဆိုးလှတဲ့ မနောဖြူနဲ့ စိတ်ဆင်းရဲနေတဲ့ ညီနှိုင်းဆတို့ ဆုံတွေ့တဲ့ အခါ၊ ဘာတွေ ဆက်ဖြစ်လာမလဲ။ မြှုပ်ကွက်တွေ အပြည့်နဲ့ နောက်ကြောင်းခံ အဖြစ်အပျက်တွေ၊ လူငယ်တွေရဲ့ ခံစားချက်နဲ့ ရင်ခုန်သံတွေကို ဇာတ်အိမ်ခိုင်ခိုင် ရေးဖွဲ့ထားတဲ့ ကျူးပစ်၏ သမီးပျို အချစ်ခံစားမှု ဝတ္ထုရှည် ဖြစ်ပါတယ်။