နှုတ်ခမ်းတစ်စုံရဲ့ နိဒါန်း

သျှင်မ

900 Kyats ကျပ်
"သတို့သား မောင်နေနာရီနဲ့ သတို့သမီးအချစ်ဝိုင်ကို လက်ထပ်လက်စွပ်ဆင်မြန်းပေးမှာဖြစ်ပါတယ်ခင်ဗျာ" ဟင်... ဘဝင့် ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွားသည်။ အလုပ်ကိစ္စတစ်ခုနဲ့ရောက်လာတဲ့မင်္ဂလာပွဲက စက်နာရီနဲ့ဖေဖေ၊ ဘဝင်ရဲ့ချစ်ခင်ပွန်း ကျောင်းဆရာလေး နေနာရီရဲ့ မင်္ဂလာပွဲဖြစ်လိမ့်မယ်လို့ ဘဝင်ဘယ်တွေးမိမလဲလေ။ "ကိုကိုနဲ့ ဘဝင်ပြတ်စဲခဲ့ကြတာ မဟုတ်ဘူး။ မုန်းခဲ့ကြတာလည်းမဟုတ်ဘဲနဲ့ ကိုကိုဘာဖြစ်လို့ နောက်ထပ်လက်ထက်ဖို့ လုပ်နေရတာလဲ" ။ တောင်ကြီးမြို့စွန်ရွာငယ်လေးက စိတ်မကောင်းစရာ အချစ်ဇာတ်လမ်းလေးရဲ့ စေညွှန်ရာကံတရားဟာ မျက်နှာမွဲလေး ဘဝင်ဘက်ကို အလေးသာမလားဆိုတာ ခံစားရမယ့်ဝတ္ထုတစ်ပုဒ်ပါ။