အဆုံးမဲ့သစၥာ

သျှင်မ

900 Kyats ကျပ်
ရန်ငြိုးတွေ၊ အမုန်းတွေဆိုတာ ကောင်းတဲ့အရာတော့ မဟုတ်ဘူး။ ထားတဲ့သူရော၊ အထားခံရတဲ့သူကိုရော ပျက်စီးစေတတ်တဲ့အရာပဲ။ ဒါပေမဲ့ လူတွေက နာကြည်းတာများလာရင် မုန်းတီးတာများလာရင် ရန်ငြိုးဆိုတာ ဖြစ်လာတတ်တယ်။ သော ကလည်း ပြည့်သျှင်ဆိုတဲ့ လူကို သေစေချင်တယ်။ ပျက်စီးစေချင်တယ်။ သူတင်မဟုတ်ဘူး။ သူ့မိသားစုဝင်လို့ ပြောလို့ရတဲ့ ဘဒ္ဒါနဲ့ ယက္ခလည်း အပါအဝင်ပဲ။ ပြည့်သျှင်ဘက်ကလည်း ဒီလိုပဲ။ မီးစက နှစ်ဖက်စလုံးမှာရှိတော့ အမုန်းမီးက ငြိမ်းဖို့အလားအလာ မရှိဘူးပေါ့။ စိတ်ဝင်စားဖို့ကောင်းတာက သူတို့နှစ်ဖက်စလုံးမှာ ဘာဖြစ်လို့ကြီးမားတဲ့ ရန်ငြိုးတွေရှိရတာလဲ ဆိုတဲ့အချက်။ ဒီဝတ္ထုက အက်ရှင်ဆန်ဆန်ဝတ္ထုဖြစ်ပြီး ကြိုတွက်လို့မရတဲ့ ဇာတ်လမ်းမြှုပ်ကွက်တွေပါလို့ ဖတ်ကြည့်ပါဦးနော်