အချစ်ကြောင့်ဖြစ်၏

သျှင်မ

900 Kyats ကျပ်
“သူငယ်ချင်းလိုနေကြတာတောင် နင့်အမေပါးစပ်က ဟိုပြော ဒီပြော။ ချစ်သူဖြစ်သွားရင် သတ်ပွဲတွေ ဖြစ်ကုန်မှာပဲ။ လုံးဝကိုမစဉ်းစားဘူး” ဒါက ခေါင်ရိပ်ကို စံ့က ပြောလိုက်တာပါ။ သူတို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေ။ တက္ကသိုလ်ရောက်တော့ စိတ်တွေယိမ်းယိုင်ပြီး ခေါင်ရိပ်က စံ့ကိုချစ်မိတယ်။ ဒါပေမဲ့၊ ခေါင်ရိပ်ရဲ့ အမေက စံ့ကိုသဘောမကျ။ စံ့တို့မိသားစုက ဆင်းရဲတယ်။ ခေါင်ရိပ်တို့က ချမ်းသာတယ်။ စံ့ကလည်း အချစ်ရေးကို စဉ်းစားချိန်မရ။ သူ့ကိုချစ်ပေမယ့် တဂျက်ဂျက်နဲ့ ရန်ဖြစ်နေကြတဲ့ ပထွေးနဲ့ မိခင်လည်းရှိသေး။ ဒီလိုမျိုး ဒုက္ခတွေများပြီး ချို့တဲ့တဲ့ စံ့နဲ့ လူချမ်းသာလေး ခေါင်ရိပ်တို့ရဲ့နှလုံးသားရေးရာက မဖတ်ဘဲမနေနိုင်အောင်ပါပဲ။