သူမတူအောင်ချစ်

သျှင်မ

900 Kyats ကျပ်
အခုတလော ရေပန်းစားနေတဲ့ သျှင်မရဲ့ နာမည်ကြီး ဝတ္ထု ‘ဟစ်တိုင်’ လိုပဲ ဒီ ဝတ္ထုထဲမှာလည်း စာရေးသူရဲ့ ဇာတိမြေ ဆင်ဖြူကျွန်းမြို့ကို နောက်ခံထားတဲ့ ပုံရိပ်တွေ ပါဝင်တယ်။ ‘နွေအလွန်’ ဆိုတာ ခရီးသွားရတာကို အရမ်းနှစ်သက်ပြီး ဆုံးဖြတ်ချက် ချလိုက်တာနဲ့ မဖြစ်ဖြစ်အောင် အကောင်အထည် ဖော်တတ်တဲ့ ခေါင်းမာမာနဲ့ ကောင်မလေး တယောက်ပါ။ ဒီ ဝတ္ထု ဇာတ်လမ်းကလည်း သူ တယောက်ထဲ အကိုဖြစ်သူနဲ့ နည်းနည်းလောက် အတိုက်အခံ လုပ်ပြီး ဆင်ဖြူကျွန်းကို ခရီးထွက်လာရာက စတာပေါ့။ ဆင်ဖြူကျွန်း အကြောင်းလေးတွေကို ဝတ္ထုထဲမှာ ညှပ်ညှပ်ပြီး ဖတ်ရတာ့ ခရီးသွား အငွေ့အသက် ပါတဲ့ ဇာတ်လမ်းမျိုး ကြိုက်သူတိုင်း ဒီဝတ္ထုကို နှစ်သက်ကြပါလိမ့်မယ်။