သန့်စင်တိမ်

သျှင်မ

900 Kyats ကျပ်
သူ့ နာမည်က - ‘သုန်’ ၊ သူ့ဘဝက ငယ်ငယ်ကတည်းက အေးချမ်းမှု မရှိခဲ့ဘူး။ သုန် နှစ်တန်း ဖြေတဲ့အချိန်မှာ ဖေဖေ ဆုံးသွားတယ်။ မိန်းမတယောက်နဲ့ အထင်လွဲပြီး သုန့် ဖေဖေအပေါ် မေမေက အကြီးအကျယ် စွပ်စွဲ ပြောဆိုခဲ့ပြီးမှ ဖေဖေဆုံးသွားတော့ အရူးတပိုင်း ဖြစ်ရတယ်။ မကြာခင်မှာပဲ မေမေဖြစ်သူ ကားမှောက်ပြီး ဆုံးသွားပြန်တယ်။ သုန် ကြီးပြင်းခဲ့တာက ‘ဒေါ်စုစုလွင်’ တို့ မိသားစုမှာ။ သူ ခေါ်နေကြ ‘အန်တီစု’ ဆိုတဲ့ ဒေါ်စုစုလွင်တို့ မိသားစုရဲ့ ကျေးဇူးတွေက သုန့်အပေါ်မှာ ရှိတာပဲ ဆိုပြီး သုန်ဟာ သူတို့ အန်တီစုရဲ့ သမီးသုံးယောက် ဆီက အနိုင်ကျင့် ဗိုလ်ကျမှုနဲ့ ချောက်တွန်းမှုတွေကို တက္ကသိုလ်ရောက်တဲ့အခါ သိသိသာသာ ခံစားလာရတယ်။ ရုတ်တရက် ဒီစာအုပ်လေး ဖတ်နေရင်း စင်ဒရဲလားပုံပြင်ကို သတိရမိတယ်။ သုန်လေးကတော့ စင်ဒရဲလားလောက်မှ ကံကောင်းပါ့မလား ? သျှင်မရဲ့ ဝတ္ထုလှည့်ကွက်တွေက ဘာဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရမှာပါ။