ရည်းစားသက်တမ်း

သျှင်မ

900 Kyats ကျပ်
ခန့်ညားထည် … ရေကြောင်းဆက်သွယ်ရေး လုပ်ငန်းစုပိုင်ရှင်ရဲ့ သား။ မိဘ အသိုင်းအဝိုင်း အင်အားတောင့်တယ်၊ ချမ်းသာတယ်၊ ရုပ်ဖြောင့်တယ်၊ ကောင်မလေးတွေ သဘောကျကြတယ်။ ခန့်ညားထည်ကတော့ တခြားမိန်းကလေးတွေကို သိပ်စိတ်မဝင်စားဘူး။ သူ စိတ်ဝင်စားတာက တစ်ယောက်တည်း။ သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းမလေး ဦးဦးဖျားဖျားကိုပဲ။ ဦးဦးဖျားဖျားက တစ်ဦးတည်းသော သမီး။ ဘိုးဘွားအမွေအနှစ်တွေ ရှိတယ်၊ မိဘက အဝေးပြေးကားတွေ ထောင်ထားတယ်။ ပြီးတော့ ဦးဦးဖျားဖျားက သိပ်လှတယ်။ မြင်သူတိုင်းရဲ့ ရင်ကို လှပ်ခနဲ လှိုက်ခနဲ ဖြစ်သွားစေပြီး နှစ်ခါပြန် ငေးရလောက်အောင် ဆွဲဆောင်နိုင်စွမ်း ရှိတယ်။ ခန့်ညားထည်အတွက်တော့ ဦးဦးဖျားဖျားက ဘဝမှာ ဦးဦးဖျားဖျား ရူးရူးမူးမူး စွဲမက်ရတဲ့ သူငယ်ချင်း အလှနတ်သမီးလေးပါပဲ။ မိဘတွေက ကုန်းလမ်း၊ ရေလမ်း လုပ်ငန်းပိုင်ရှင်တွေ ဆိုပေမဲ့ သူတို့နှစ်ယောက်အတွက်ကတော့ ဘယ်ခရီးလမ်းဖြစ်ဖြစ် ဦးတည်ချက်တူရင် ပန်းတိုင်တူတယ်လို့ ခန့်ညားထည်က ခံယူထားတယ်။ ကဲ … ဒီဇာတ်လမ်းမှာ ဒီသူငယ်ချင်းနှစ်ယောက် ချစ်သူစစ်စစ် ဧကန်ဖြစ်လာလေမလား ဆိုတာကို ရင်ခုန်ခံစားကြည့်ကြရအောင်နော်။