ဖဝါးတော်နုနု

သျှင်မ

900 Kyats ကျပ်
ဒီဇာတ်လမ်းမှာတော့ အလှအပကြိုက်သလောက် လှလည်းလှ၊ ဆွဲဆောင်မှုလည်း အပြည့်ရှိတဲ့ မိန်းမချောလေး စကားချိုဟာ အလှအပကြိုက်တဲ့ မိန်းကလေးတွေရဲ့ ထုံးစံအတိုင်း အလှအပရေးရာ ပစ္စည်းတွေအတွက်ဆို ငွေကို ရေလိုသုံးပြီး ဝယ်တတ်တဲ့ ကောင်မလေး။ ဒါပေမဲ့ စကားချိုက မိဘမရှိတော့ဘဲ ဦးလေးနဲ့ အဒေါ်က မွေးစားထားတာပါ။ ကံကောင်းတာကတော့ စကားချိုကို ဦးလေးရော အဒေါ်ကပါ ဖူးဖူးမှုတ်အလိုလိုက်ပြီး သမီးအရင်းလေးလို ချစ်ကြတာပဲ။ စကားချိုက အလှမက်ပေမဲ့ ချစ်သူရည်းစားတော့ မထားဘူး။ တော်ရုံယောက်ျားကိုလည်း ယောက်ျားလို့ မထင်ဘူး။ သူ့ဘဝနဲ့သူ ပျော်ပျော်နေရင်း အလှအပအတွက် အချိန်ဖြုန်းရင်း ဖြတ်သန်းနေတာပဲ။ ဒီအချိန်မှာ စကားချိုဟာ အဏ္ဏဝါစံအိမ်ရဲ့ အမွေဆိုင်တစ်ယောက်အဖြစ် မထင်မှတ်ဘဲ ဖြစ်လာတဲ့အခါ … သာယာဆိုတဲ့ သူဌေးသား လူချောတစ်ယောက်ကလည်း အမွေကိစ္စ ရပိုင်ခွင့်တွေနဲ့အတူ စကားချိုဘဝထဲ ဝင်ရောက်လာတဲ့ နောက်မှာတော့ ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့အတူ အချစ်ရဲ့ ဆွဲငင်အားက စကားချိုကို ဘယ်လို ပြုစားမလဲ။ ရင်တသိမ့်သိမ့် စိတ်ဝင်တစားနဲ့ ခံစားကြရမယ့် အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။